ကမ္ဘာ့အေမွအနှစ်ဒေသ စာရင်းဝင် သရေခေတ္တရာဇုန်ထဲမှာလည်း ဆန္ဒပြ

ပြည်-မတ် ၁၂-၂၀၂၁
TG(VOM)

ပြည်မြို့က ဆန္ဒပြ ကျောင်းသားပြည်သူလူထုက စစ်တပ်နဲ့ရဲ အကြမ်းဖက်ခံရမှုကို ရှောင်ပြီး ကမ္ဘာအမွေအနှစ်ဒေသစာရင်းဝင် သရေခေတ္တရာမြို့ဟောင်းဇုန်ထဲကိုသွားရောက်ပြီး ဒီကနေ့မတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ပြည်မြို့က စစ်တပ်နဲ့ရဲက ဆန္ဒပြမယ့်လူထုကို လူစုချိန်မှာပဲ အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်တိုက်ပြုလုပ်နေလာတာ​မို့ ဆန္ဒပြပွဲကို ပျောက်ကျားစနစ်နဲ့ပြုလုပ်လာကြတာဖြစ်တယ်လို့သိရပါတယ်။

ဆန္ဒပြမှုကို မနက်အစောပိုင်း စျေးတွေထဲ လှည့်လည် ထုတ်ဖော်တာ၊ ဆိုင်ကယ်တွေနဲ့ ာပ်ကွက်တွေထဲ လှည့်လည်ဆန္ဒထုတ်ဖော်တာ၊ ရပ်ကွက်အလိုက်ညသပိတ်လုပ်တာမျိုးတွေ ပြောင်းလုပ်လာကြ တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ နဲ့စစ်တပ်ကတော့ ဆန္ဒပြသူတွေကိုလူစုလို့မရအောင် မြို့ပေါ်မှာ ကင်းလှည့်တာတွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

#voiceofmyanmar #VOM #သရေခေတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW