ကသာမြို့က ပုံမှန်စုရပ်နေရာမှာ လုံခြုံရေးတွေရှိနေလို့ နေရာပြောင်းဆန္ဒပြ

ကသာ၊ မတ်လ ၁၂-၂၀၂၁
စပ်ခွန်သာ(VOM)

ဒီနေ့ မတ်လ ၁၂ရက်နေ့ ကသာမြို့က ပုံမှန်စုရပ်နေရာမှာ လုံခြုံရေးချထားလို့ အခြားနေရာတစ်ခုမှာပြောင်းရွေ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

စုရပ်အသစ်နေရာမှာ လူစုကြပြီး မြို့တွင်းလမ်းမကြီးတွေကို ရှောင်ကွင်းကာ ရပ်ကွက်လမ်းသွယ်တွေကနေ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကို ကသာမြို့မှာ မနက်ပိုင်းလမ်းလျောက်ချီတက်တာ၊ ညနေပိုင်း ဆိုင်ကယ်နဲ့လှည့်လည်တာ၊ ထိုင်သပိတ်လှုပ်ရှားမှုပြုလုပ်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

#VoiceOfMyanmar #VOM #ကသာမြို့ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW