စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ ရှမ်းဝိုင်းရပ်ကွက်အတွင်းကို ဝင်ရောက်ဖျက်ဆီးသွား

မန္တလေး၊ မတ်- ၁၂- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ ၈၆ လမ်း ၃၆×၃၇ နားမှာရှိတဲ့ ရှမ်းဝိုင်းရပ်ကွက်အတွင်းကို မနေ့ညပိုင်းမှာ စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ သေနတ်ပစ်ဖောက်ပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“မနေ့ည ၁၂ နာရီကျော်လောက်မှာ သေနတ်တွေပစ်ပြီး ဝင်လာတာ၊ ဝင်လာပြီးတော့ ရပ်ကွက်ထဲကို အကုန်လိုက်ဖျက်ဆီးတာ၊ ဟိုဘက်အိမ်က ဒီဘက်ကို လက်ညိုးထိုးပြလိုက်တော့ အန်တီ အိမ်ကို တအားဘဲ သေနတ်နဲ့ အချက် ၃၀ လောက် ပစ်သွားတာ၊ မှန်တွေရိုက်ခွဲလို့ မရတော့ သေနတ်တွေနဲ့ပစ် ဘက်ခွတွေနဲ့ထုပြီးတော့ တအားကိုဆဲသွားတာ၊ သံပုံးတီးပြီး သီချင်းဆိုလို့တဲ့ ဖြစ်သွားတဲ့ အဖြစ်က တစ်ရပ်ကွက်လုံးကို ရစရာမရှိတော့ဘူး၊ ဗိုလ်ရဲ့ မိန်းမအိမ်ကို ပစ္စည်းတွေလာတင်ရင်းနဲ့ ဘာပြောလိုက်မှန်းမသိဘူး ငါ့တူမြင်တဲ့အတိုင်း တစ်ရပ်ကွက်လုံးကို ရစ ရာမရှိဘူးဖြစ်သွားတာ၊ ဒါ အကြမ်းဖက်ဝါဒလေ မင်းမဲ့စရိုက်ဖြစ်သွားတာ သူတို့ကို အဲ့လိုပြောရဲပြောကြည့် တစ်ရပ်ကွက်လုံးကို မီးနဲ့ ရှို့မယ်လို့လည်း ပြောသေးတယ်” လို့ ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးက VOM ကိုပြောပါတယ်။

ရှမ်းဝိုင်းရပ်ကွက်အတွင်းက အိမ်တွေရှေ့မှာထားတဲ့ ပန်အိုး၊ ဆိုင်ကယ်၊ ရေအိုးနဲ့ အိမ်ရှေ့မျက်နှာသာက မှန်ချက်တွေပါ ကွဲနေတာကို တွေ့ခဲ့ရပြီး ရပ်ကွက်နေ ပြည်သူတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #Mandalay #စစ်တပ် #ဖျက်ဆီး #ရှမ်းဝိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW