မနေ့က မူဆယ်ဆန္ဒပြပွဲ ၁၃ဦးဖမ်းဆီးခံရပြီး ၄ဦးပြန်လွတ်

မတ် ၁၂-၂၀၂၁
Shayi Violin(VOM)

မနေ့ မတ် ၁၁ရက်နေ့က မူဆယ်မြို့ နာရီစင်အနီး ဆန္ဒပြပွဲမှာပါဝင်သူ ၁၃ဦးဖမ်းဆီးခံရပြီး ၄ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆန္ဒပြပွဲပါဝင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ဖမ်းတာ ၁၃ဦး၊ လေးဦးပြန်လွှတ်တယ်။ ၃ဦးက အအသက်မပြည့်လို့၊ တစ်ဦးက စျေးသွားတာကြောင့် ပြန်လွှတ်တာ” လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရတာတွေ ရှိပေမယ့် ပြည်သူအချို့ကတော့ ရဲတပ်ဖွဲ့ကို တိမ်းရှောင်ကာ ရပ်ကွက်ထဲ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

#VoiceOfMyanmar #VOM #မူဆယ်ဆန္ဒပြပွဲ #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW