ရဲလိုက်ဖမ်းတာကို ရှောင်ဖို့ ပုသိမ်မှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြ

မတ် ၁၂-၂၀၂၁
KA

ပုသိမ်မြို့မှာ ဒီနေ့မတ်လ ၁၂ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ပါတယ်။

မြစ်၀ကျွန်းပေါ် တော်လှန်တပ်ဦးသပိတ်စစ်ကြောင်းက မြို့တွင်းမှာလှည့်လည်ခဲ့ပြီး နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်းကတော့ လူခွဲပြီး ပုသိမ်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့တာပါ။

ဖေဖော်ဝါရီ ၂၈ရက်နေ့ကစပြီး ရဲတပ်ဖွဲ့က မြို့ထဲလမ်းတွေကို ပိတ်ဆို့ထားခဲ့တာကြောင့် ရပ်ကွက်တွေအတွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ရပြီး လူစုခွဲပစ်ခတ်ဖမ်းဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ ရှိခဲ့ပါတယ်။

ဒီနေ့မှာတော့ ခုလိုရဲတပ်ဖွဲ့က ရပ်ကွက်တွေထိလိုက်လံ ဖမ်းဆီးလူစုခွဲတာကို ထိပ်တိုက်မတွေ့အောင်လို့ ပြောက်ကျားစနစ်နဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ ဦးဆောင်သူတွေကပြောပါတယ်။

ပုသိမ်မြို့မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၃၄ရက်​ရှိနေပြီး ရဲနဲ့စစ်တပ်ပိတ်ဆို့နေတဲ့ကြားက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ #ပြောက်ကျား

Related posts

Leave a Comment

VOM News

FREE
VIEW