ချောက်မြို့ ဆန္ဒပြပွဲ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံး

မတ် ၁၃-၂၀၂၁
KLY(VOM)

မကွေးတိုင်း၊ ချောက်မြို့နယ် မိန်းလမ်းမကြီးပေါ်မှာ ဒီနေ့မတ်လ ၁၃ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က ဆန္ဒပြပွဲ မစခင်မှာပဲ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေအပြင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေဆုံးသူက လူနာပြန်ကောက်နိုင်ပေမယ့် ကုသမှု နောက်ကျသွားတာပါ။ အမည်နေရပ်လည်း မသိရသေးပါဘူး။ ဒီနေ့ ပထမဆုံး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး ဆန္ဒတောင် မပြရသေးပါဘူး” လို့ ချောက် မြို့ခံ တစ်ဦးက ပြောပြပါတယ်။

ချောက်မြို့ မိန်းလမ်းခေါ် လမ်းမတော်မြို့ဝင်မြို့ထွက် နေရာတွေကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်နဲ့ ကျည်အစစ်တွေပါ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၃ ဦးနဲ့ ရာဘာကျည် ထိမှန်ဒဏ်ရာရသူ ၁၀ ဦးထက် မနည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချောက်မြို့ဆန္ဒပြပွဲကို ဒီနေ့မှာ ပထမဆုံးဖြိုခွဲခံရတာဖြစ်ပြီး မနက်ပိုင်းကတည်းက ပစ်ခတ်နေတာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ချောက် #ဆန္ဒပြပွဲ #ဖြိုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW