စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ဆန္ဒပြသူတွေကို ဖြိုခွင်းလို့ လူ ၄ ဦး သေဆုံးခဲ့

မန္တလေး၊ မတ်- ၁၃- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ စိန်ပန်းရပ်ကွက် ၄၁ လမ်း၊ လ မ်း ၉၀ ဒေါင့်မှာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ အမျိုးသမီးကတော့ မန္တလေးမြို့ အရှေ့မိုဃ်းကောင်း ဓမ္မာရုံ ရဲ့တောင်ဘက် အကွက်နံပါတ် ၄၁၇ မှာနေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နေအိမ်မှာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

သေဆုံးသာ အမျိုးသားတစ်ဦးကတော့ ကိုစောပြည့်နိုင် အသက် ၂၁ နှစ် ၄၁ လမ်း စံပြရပ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကို ဖြိုခွဲလို့ ဦးခေါင်းကျည် ထိမှန်ကာ သေ ဆုံးသူ အမျိုးသမီး ၂ ဦး၊ အမျိုး သား ၂ ဦးရှိပြီး ခါးအောက်ပိုင်းကို ထိမှန်သူ ၃ ဦး၊ ဒဏ်ရာရသူ ၁၀ ဦးထက် မနည်းရှိတ ယ်လို့ ကယ်ဆယ်ရေးအသင်းတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။

စိန်ပန်းရပ်ကွက်ထဲအထိ အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိခဲ့ပြီး ဧသုခဓမ္မာရုံအတွင်းက ဧသုခ လူမှုကူညီရေး အသင်းကား တစ်စီးကိုလည်း ယူဆောင်ကာ မောင်းနှင်သွားတ ယ်လို့ ရပ် ကွက်နေပြည်သူတွေက ပြောပါတယ်။

သေဆုံးသူရင်းနဲ့ ဒဏ်ရာရသူစာရင်းတွေကို အတည်ပြုဖို့ VOM က ဆက်လက် ကြိုးစားနေပါတယ်။ အတိကျသိရှိပါက VOM ကို ပေးပို့ကူညီနိုင်ပါတယ်။

#VOM #voiceofmyanmar #Mandalay #အထွေထွေသပိတ်စစ်ကြောင်း #မန္တလေး #စစ်တပ် #ဖြိုခွဲခံရ #ဆန္ဒပြ #စိန်ပန်း #ထိုင်သပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW