ချောက်မြို့ လူထုလှုပ်ရှားမှုသပိတ်မှာ ပထမဆုံးကျဆုံးခဲ့‌တဲ့အမျိုးသား သင်္ဂြိုလ်ခွင့်မရသေး

မတ် ၁၄-၂၀၂၁
KLY(VOM)

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် လူထုလှုပ်ရှားမှုမှာ ပထမဆုံးကျဆုံးခဲ့တဲ့ ကိုဝင်း‌ဖြိုးအောင်(ခ)ကြောင်လေးရဲ့ သင်္ဂြိုလ်ဖို့ သင်္ချိုင်းလက်မှတ်ကို တာဝန်ရှိသူတွေက ဒီနေ့ မတ် ၁၄ရက် မွန်းတည့် ၁၂ နာရီထိုးခါနီးချိန်ထိ မိသားစုဆီ လာမပေးသေးဘူးလို့ သေဆုံးသူရဲ့အမျိုးသမီးကနေ သိရပါတယ်။

“အလောင်းကို လာသိမ်းတာမျိုး ဘာမျိုးတော့မရှိဘူး။ ကနေ့ ညနေ ၄ နာရီမှာ အလောင်းကို မြေမြုပ်သင်္ဂြိုလ်ဖို့ ဖိတ်စာရိုက်ထားပေမယ့် မြေချခွင့် လက်မှတ်အခုချိန်ထိမရသေးဘူး။ ရပ်မိရပ်ဖအချို့ ကြိုးစား‌ပေးနေကြပါတယ်” လို့ သေဆုံးသူရဲ့ အမျိုးသမီးက ပြောပြပါတယ်။

မနေ့ မတ်လ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကုန်တင်ကားကြီးမောင်းနှင်တဲ့ အဲ့ဒီသေဆုံးသူဟာ ချောက်မြို့မိန်းလမ်းမပေါ်မှာရှိတဲ့ လူအုပ်စုထဲ ရောက်နေစဉ် သေနတ် ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဆေးကုသမှုခံယူဖို့ ညောင်ဦးမြို့ကိုပို့ဆောင်စဉ် သေဆုံးသွားတာလည်း ဖြစ်ပါတယ်။

မနေ့က ချောက်မြို့သပိတ်ကို စစ်တပ်ဲ့ရက မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်ဆန်သာမက ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး သေဆုံးသူ ၁ဦး၊ ရာဘာကျည်ထိမှန်ဒဏ်ရာရသူ ဆယ်ဦးထက်မနည်းနဲ့ ဖမ်းဆီးခံရသူ ၁၃ ဦး ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသက် ၄၃နှစ် အရွယ်ရှိ ကိုဝင်းဖြိုးအောင်ကို ဒီနေ့ ညနေပိုင်း မြေနီကုန်းသုသာန်မှာ သင်္ဂြိုလ်မှာလို့သိရပြီး ကွယ်လွန်ချိန်မှာ ဇနှီးဖြစ်သူ မအိအိမင်းစိုးနဲ့ သားတစ်ယောက်ကျန်ရစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ချောက် #သပိတ် #ဖြိုခွဲ #သေဆုံး #ကိုဝင်းဖြိုးအောင် #သင်္ဂြိုလ်ခွင့်မရသေး

Related posts

Leave a Comment

VOM News

FREE
VIEW