မြတောင်ကျောင်းတိုက်ကို စစ်တပ်က ဝိုင်းထားပေမယ့် သပိတ်စစ်ကြောင်း ပုံမှန်ထွက်ဖြစ်

မန္တလေး- မတ်- ၁၄-၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ မြတောင်ကျောင်းတိုက် အနီး ပတ်ဝန်းကျင်မှာ စစ်တပ်က လုံခြုံ ရေးရယူထားပြီး မြတောင်ကျောင်း တိုက်အတွင်းကို ဝင်ရောက်စစ်ဆေးနေတဲ့အပြင် လမ်းသွား လမ်းလာနေကြတဲ့ သူတွေကိုလည်း စစ်ဆေးနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” နေ့လည် ၁၁ နာရီလောက်က စစ်သား ၁၅ ယောက်လောက် ဇွတ်အတင်းဝင်လာပြီးတော့ ကျောင်းထဲမှာ ရှိတဲ့ ဒိုင်းတွေနဲ့ ဓာတ်ဆီပုလင်းတွေကို ယူသွားတယ် ကျောင်းကို ဓာတ်ပုံမရိုက်ပါဘူးဆိုကာ အာမခံပြီး ဓာတ်ပုံရိုက်သွားတယ်၊ ဘုန်းငြီးတွေကိုလည်း စစ်သားတွေက ရိုင်းရိုင်းစိုင်းစိုင်းကို ပြောတာ၊ ကျောင်းပတ် ချာလည်မှာတော့ အင်အားအတော်များတယ်” လို့ မြတောင်ကျောင်းတိုက် သံ ဃာတော်တစ်းပါးက မိန့်ပါတယ်။

မြတောင်​ကျောင်းတိုက်ကို စစ်တပ်က ဝိုင်းထားပေမယ့် သပိတ်စစ်​ကြောင်းကို ထွက်ဖြစ်တယ်လို့ စစ်ကြောင်းမှာ ပါဝင်တဲ့သူ တစ်ဦးကပြောပါတယ်။

#VOM #voiceofmyanmar #Mandalay #မြတောင်သပိတ်စစ်ကြောင်း #သံဃသမဂ္ဂ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW