တောင်ငူသပိတ် ဦး‌ဆောင်သူအချို့ကို ဓါတ်ပုံတွေနဲ့တကွ ပရင့်ထုတ်ကာ စစ်တပ်နဲ့ရဲက စစ်ဆေးရှာဖွေနေ

မတ် ၁၇-၂၀၂၁
KLY(VOM)

တောင်ငူမြို့နယ်က သပိတ်ဦးဆောင်သူအချို့ကို နယ်မြေခံရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅ (က)(ခ)တွေနဲ့ အမှုဖွင့်လှစ်ထားတဲ့အပြင် ဒီနေ့ မတ်လ ၁၇ရက်နေ့ မွန်းလွဲပိုင်းမှာ ဓါတ်ပုံပရင့်ထုတ်ပြီး စစ်တပ်နဲ့ ရဲက ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတိုက လမ်းသွား လမ်းလာတွေကိုရပ်တန့်ခိုင်းပြီး စစ်ဆေးတဲ့နေရာနားမှာ ကပ်ထားတဲ့ ပုံတွေနဲ့တိုက်စစ်နေတာပါ။ အရင်ရက်တွေက မွန်းလွဲချိန်ဆို တပ်နဲ့ရဲ ဆုတ်တောင်ဆုတ်သွားပြီ။ ကနေ့တော့ ခုချိန်ထိ စစ်ဆေးကြပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဖမ်းဝရမ်းထုတ်ခံရတဲ့ လူငယ်တွေထဲမှာ တောင်ငူတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုသက်တင်အောင်၊ တောင်ငူတက္ကသိုလ်က လက်ထောက်ကထိက ဦးဇော်ဇော်အောင်(မြန်မာစာဌာန)၊ ကျောင်းဆရာ ဦးပြည်သိမ်းခိုင်နဲ့ ကျောင်းသားအချို့အပါအဝင် ရှစ်ဦးတိတိပါဝင်တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက သပိတ်စစ်ကြောင်းကို အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲခဲ့ပေမယ့် ပြည်သူတွေက ဆန္ဒပြပွဲကို ဆက်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ငူ #သပိတ်ဦးဆောင်သူ #ပိတ်ဆို့ရှာဖွေ

Related posts

Leave a Comment

VOM News

FREE
VIEW