ဈေးချိုအပါအဝင် မန္တလေးက ပိတ်ထားတဲ့ဈေးကြီးတွေ ပြန်ဖွင့်မယ်

မတ် ၁၉-၂၀၂၁
Voice Of Myanmar

မန္တလေးမြို့က ဈေးချို၊ ဒိုင်းမွန်းပလာဇာ၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးတို့ကို လာမယ့် မတ်လ ၂၁ရက်ကစပြီး မနက်၈နာရီခွဲကနေ ညနေ ၄နာရီထိ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

အဲ့ဒီဈေးတွေကို မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းစတင်တဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ဒုတိယအပတ်ကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဈေးပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW