ညသပိတ်မှာ ပေါင်ရင်းကျည်မှန်တဲ့အမျိုးသမီးကို ဖမ်းခေါ်သွားပြီးနောက် မနက်ပိုင်းမှာသေဆုံး

မတ် ၂၀-၂၀၂၁
NLP(VOM)

မနေ့ မတ် ၁၉ ရက် ည ၉ နာရီက မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက် ည သပိတ်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ပခုက္ကူမြို့၊ အမှတ် ၁ရပ်ကွက်၊ မဟာဝိသုတာရာမ လမ်းနေသူ အသက်၃၈နှစ်ရှိ ဒေါ်မာလာဝင်းဖြစ်ပြီး ညာဘက်ပေါင်ရင်းကျည်ဆံထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ အမျိုးသမီးကို အခြားအမျိုးသား ၇ဦးနဲ့အတူ အချုပ်ကားနဲ့ ဖမ်းခေါ်သွားပြီးနောက် ဒီနေ့ မတ် ၂၀ရက် မနက်မှာ သေဆုံးကြောင်း သိရတာလို့ မိသားစုက ပြောပါတယ်။

“အဲဒီညကသေဆုံးသူနဲ့အတူ အမျိုးသား၇ဦးပါ ရဲနဲ့စစ်က အချုပ်ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲနောက်နေ့မနက်မှာ စခန်းမှူးက အမျိုးသမီးတစ်ဦး​​​ ရင်ခွဲရုံမှာ ပို့ထားတယ်လို့ အကြောင်းကြားတယ်။သွားရောက်ကြည့်တဲ့အခါ ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေါ်မာလာဝင်းဖြစ်နေတယ်” လို့ မိသားစုဝင်တစ်ဦးက VOM ကို ပြောပါတယ်။

ရဲ့နဲ့စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် ပခုက္ကူမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၈ရက်နေ့က အမျိုးသားတစ်ဦးသေဆုံးခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM #ပခုက္ကူ #ဖြိုခွဲ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW