ဘင်္ဂလားဒေ့ရှ် Cox bazar ခရိုင်က မွတ်စလင် ဒုက္ခသည်စခန်းမီးလောင်နေ

မတ် ၂၂- ၂၀၂၁
ထက်အောင်စိုင်း (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox bazarခရိုင်၊ Taknaf မြို့နယ်အတွင်းက မွတ်စလင်ဒုက္ခသည်စခန်းတချို့ ဒီကနေ့ မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီကစပြီး မီးလောင်မှု ဖြစ်ပွားနေကြောင်းနဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပျောက်ဆုံးနေကြောင်း အဲဒီဒုက္ခသည်စခန်းက သတင်းပေးပို့ချက်အရသိရပါတယ်။

မီးလောင်နေတဲ့ ဒုက္ခသည်စခန်းဆီသို့ မီးသတ်ကားအကူအညီတွေ မရောက်ရှိသေးကြောင်းနဲ့ ဒုက္ခသည်စခန်းရှိ Camp 8၊ 9၊ 10၊ 8 W နဲ့ အခြားနီးစပ်ရာ Camp တချို့သို့ မီးကူးစပ်လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းအတွင်း ကလေးတွေကိုစာသင်ပြတဲ့ အလုပ်လုပ်သူ Hope For Arakan Peace အဖွဲ့ ရဲ့ဒါရိုက်တာ ဇီယာဘုလ်ဟူဆောန်ပြောတာက
“မီးစလောင်တာက Camp 8 w ကလောင်တာပါ။ ဒုက္ခသည်စခန်းမှာက ခြံစည်းရိုးခတ်ထားတော့ ထွက်ပြေးလို့မရတဲ့အတွက် ကလေးတွေနဲ့ လူကြီးတွေ ပါသွားပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေလဲ ပါသွားတယ်။ ဆေးရုံမှာ ရှိတဲ့ လူနာတွေအကုန်သေပါတယ်။” လို့ ပြောပါတယ်။

မီးဟာ လက်ရှိအချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကာ မီးလောင်တာဘယ်လိုပုံစံမျိုးလောင်တယ်ဆိုတာ မသိသေးကြောင်းနဲ့ မီးဘေးကြောင့် ထွက်ပြေးလာသူတွေအတွက် အိပ်ရာထိုင်ခင်းတွေ၊ ခိုလုံရာ အဆောင်တွေနဲ့ စားနက္ခရိက္ခာတွေ လိုအပ်နေကြောင်း သိရပါတယ်။

#voiceofmyanmar #vom #ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW