မန္တလေးမှာ ပစ်ခတ်မှုတွေကြောင့် ၂ ဦး ကျဆုံးခဲ့ကာ ၉ ဦး ထက်မနည်းဒဏ်ရာရ

မန္တလေး၊ မတ်- ၂၂- ၂၀၂၁
(VOICE OF MYANMAR)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ် ကွက် တန်ဖိုးနည်းအိမ်ရာဘက်မှာ စစ်တပ်နဲ့ ရဲတွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ကြောင့် အသက် ၁၈ နှစ်အရွယ် ကိုဇော်ဇော်ရဲ့ လည်ပင်းကို ကျည်ထိမှန်ကာ သေဆုံးခဲ့သလို ကိုဝင်းထွန်းဦး ၂၅ နှစ်အရွယ်ကတော့ ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတအသင်း ကနေ သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းက မနော်ဟရီလမ်း၊ အောင်သာယာရပ်ကွက်၊ အောင်ပင် လယ်ရပ်ကွက်နဲ့ မြရည်နန္ဒာရပ်ကွက်တွေအတွင်းကို အတားအဆီးတွေလာရောက်ဖယ် ရှားရင်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူလူထုရဲ့ ပြောပြချက်အရသိရပါတယ်။

အတည်ပြုလို့ မရနိုင်သေးတဲ့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူဦးရေ စာရင်းတွေ ရှိနေသေးတယ်လို့ သိရတဲ့အတွက် ထပ်မံအတည်ပြုပေးဖို့ VOM က ကြိုးစားနေပါတယ်။

#VOM #voiceofmyanmar #Mandalay #မန္တလေး #ဆန္ဒပြ #မြရည်န္ဒာ #ဆန္ဒပြ #စစ်တပ် #ဖြိုခွင်း #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW