တမူးမြို့မှာ ညက ပစ်ခတ်မှုဖြစ်လို့ လူ ၁ ဦး အသက်ဆုံးရှုံးကာ လူ ၉ ဦး ဒဏ်ရာရ

မတ် ၂၆-၂၀၂၁
KTG(VOM)

မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြို့ တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့ ၊ မြို့လယ်ရပ်ကွက်မှာ မနေ့ မတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်က လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁ ယောက် အသက်ဆုံးရှုံးရပြီး လူ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တမူးမြို့ခံတွေဆီကနေ သိရပါတယ်။

တမူးမြို့ စော်ဘွား ၁ ရပ်ကွက်နေ ပြည်သူတစ်ယောက်က ” မြို့လယ် ရွှေဆိုင်ဘက်က သံပုံးတီးသံကြားရလို့ သွားရောက်ဝန်းရံတဲ့သူတွေကို ပစ်ခတ်ခဲ့တာဖြစ်တယ် ၊ ကျည်ဆံထိမှန်သေဆုံးသူက ကိုမျိုးမင်းအောင် (ခ) ဖိုးကုလား အသက် (၃၃)နှစ်ဖြစ်ပြီး ရင်ဘက်ကို ကျည်ဆံထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ အခြား လူငယ် ၉ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရတဲ့အတွက် ဆေးကုသမှုခံနေကြပါတယ်။ အဲ့ဒီ လူ ၉ ဦးအနက်က လူ ၃ ဦးရဲ့ ရရှိဒဏ်ရာဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက မှတ်ချက်ပြုထားပါတယ်။

မတ် ၂၅ တစ်ရက်ထဲမှာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့ ပစ်ခတ်မှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တဲ့အတွက် ခင်ဦးမြို့မှာ ၂ ယောက် သေဆုံး ၁ ယောက် ဒဏ်ရာရကာ မုံရွာမြို့မှာ ၂ ​ယောက် ဒဏ်ရာရတဲ့အပြင် တမူးမြို့မှာ ၁ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

ပုံစာ – တမူး ပစ်ခတ်စဥ်မှ ဒဏ်ရာသူများနဲ့ သေဆုံးနေရာအား မြင်ရပုံ

#VoiceOfMyanmar #VOM #တမူး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW