ဒိုက်ဦးမြို့နယ်မှာ စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွဲလို့ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

မတ်၂၇-၂၀၂၁
KLY(VOM)

ပဲခူး‌တိုင်း၊ ဒိုက်‌ဦးမြို့နယ်မှာ ဒီနေ့ မတ် ၂၇ရက် မနက် ၉ နာရီကျော်လောက်က ဆန္ဒပြလူအုပ်ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်‌ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လေးကျွန်းလမ်းဆုံမှာ အသံဗုံးတွေနဲ့စပစ်တယ်။ လူအင်အားလည်း‌နည်းတော့မပစ်ခတ်လောက်ဘူး ထင်တာပါ။ ကျည်အစစ်တွေနဲ့ပစ်တော့ ထိကုန်တာပါ။အလောင်းတွေပြန်ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူနှစ်ဦးဟာ ဒိုက်ဦးမြို့အမှတ် ၄ ရပ်ကွက်နေ နန်းဝင်း(၂၅ နှစ်)နဲ့ အမှတ် ၆ ရပ်ကွက်နေ ဖိုးလုံး(၂၇နှစ်)တို့ဖြစ်ပြီး သေဆုံးသူ အလောင်းတွေကို နေအိမ်ကို ပြန်လည်သယ်ဆောင်ပြီး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက်က ဒိုက်ဦးမြို့နယ်မှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေသူ ၅၀၀ နီးပါးဟာ လေးကျွန်းလမ်းဆုံအရောက် တပ်နဲ့ရဲက ရှေ့က ပိတ်ကာ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေလည်းရှိကာ အရေအတွက််အတိအကျကိုတော့ မသိရသေးပါဘူး။

#VoiceOfMyanmar #VOM #ဒိုက်ဦး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW