စစ်တပ်ကပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ကိုရီးယားဘဏ်ဝန်ထမ်းရဲ့ ဈာပန

ဧပြီ ၂-၂၀၂၁
MHS

မတ်လ ၃၁ရက်နေ့ ညနေပိုင်းက ဦးချစ်မောင်လမ်း စစ်တပ်နဲ့ရဲတွေရဲ့ ပစ်ခတ်မှုမှာ ခေါင်းထိကျည်ထိခဲ့တဲ့ မစုစုကြည်ဟာ ဒီနေ့ ဧပြီ ၂ ရက် မနက် ၉နာရီမှာ သေဆုံးခဲ့ပါတယ်။

ဆုံးပါးခဲ့တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ Shinhan တောင်ကိုရီးယားဘဏ် ရုံးကားဝန်ထမ်း မစုစုကြည်ကို ဒီနေ့ ဧပြီ ၂ရက် ၁နာရီခွဲအချိန်က ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။

မစုစုကြည်ဟာ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် NMDC တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကာ မိဘတွေဟာ မကွေးမှာနေထိုင်ပြီး ဒီနေ့သဂြိုလ်မှုကို စစ်တပ်က ဖိအားပေးမှုကြောင့် နေချင်းပြီးပြုလုပ်ရတာဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူရဲ့ ပြောကြားချက်အရ သိရပါတယ်။

#VoiceOfMyanmar #VOM #ကိုရီးယားဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW