ကသာမြို့မှာ CDM ရန်ပုံငွေအတွက် လက်ပန်းချီဆေးရေး

ကသာ၊ဧပြီလ(၂)ရက်
SKT

ကသာမြို့မှာဧပြီလ(၂)ရက်က အာဏာရှင်စနစ်ကျဆုံးရေးအတွက် လက်ပန်းချီဆေးရေး နွေဦးတော်လှန်ရေး အစီအစဉ်တစ်ခုပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အစီအစဉ်ကို နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့CDMလှုပ်ရှားတဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုပေးနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေရရှိဖို့ပြုလုပ်ကြတာဖြစ်ပါတယ်။

“ဆန္ဒဖော်ထုတ်ဖို့ စုရပ်ကိုလာတဲ့ သူတွေရဲ့ လက်မှာ နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင်တဲ့စာသားတွေ ရုပ်ပုံလေးတွေကို ဆွဲပေးတာပေါ့။လက်မှာရေးဆွဲချင်တဲ့သူတွေကို ဆွဲပေးတာပါ။ရန်ပုံငွေလည်းကိုယ်တတ်နိုင်သလောက်ထည့်လို့ရတဲ့အစီအစဉ်ပါ။စိတ်ဝင်တစားလက်မှာရေးဆွဲကြတာတွေ့ရတယ်” လို့ ကသာမြို့ဒေသခံတစ်ဦးကပြောပါတယ်။

ကသာမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် နေ့စဉ်မပျက်မကွက် ဆန္ဒဖော်ထုတ်ခြင်းနဲ့ ပုံစံမျိုးစုံလှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် ပြုလုပ်လျက်ရှိပြီး
ရက်ပေါင်း(၆၂)ရက်ကျော်လာပြီဖြစ်ကြောင်း သိရပါတယ်။

#VoiceOfMyanmar #VOM #ကသာ #လက်ပန်းချီဆေးရေး

Related posts

Leave a Comment

VOM News

FREE
VIEW