ပဲခူးမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်ခေါ်ဆောင်ဖမ်းဆီးသွားတဲ့ ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

ဧပြီ၂ -၂၀၂၁
KLY(VOM)

ပဲခူးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ၂၉ ရက် မနက် ၁၁ နာရီခန့်က ဗဟိုစည်၊အမှတ် ၇ လမ်းထဲမှာဆိုင်ကယ်‌မောင်းနှင်လာချိန် ပစ်ခတ်ခံခဲ့ရသူ နှစ်ဦးအနက် မနေ့ ဧပြီ ၁ရက် ည ၁၁ နာရီက တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရတာပါ။နှစ်ဦးလုံးကို အနီးကဘုန်းတော်ကြီးကျောင်းထဲ ခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးက အဲ့ဒီနေ့ညနေပိုင်းမှာ သေဆုံးသွားခဲ့သလို အခုနောက်တစ်ဦး ‌ပဲခူးဆေးရုံမှာ ထပ်မံသေဆုံးခဲ့တာပါ” လို့ ပဲခူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မတ် ၂၉ ရက်နေ့က သေဆုံးသူဟာ ပဲခူးတက္ကသိုလ်ကျောင်းသား ကိုရှိုင်းသီဟန်လင်း အသက် ၂၀နှစ်ဖြစ်ပြီး မနေ့က သေဆုံးသူကတော့ ပဲခူးတက္ကသိုလ်ကျောင်းသားပဲဖစ်တဲ့ ကိုကျော်ဘိုဘိုသိန်း အသက် ၂၀နှစ် ဖြစ်ပါတယ်။

ပဲခူးမှာ ဒီနေ့အထိ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ သေနတ်ထိမှန်သေဆုံးခဲ့သူ ဦးရေ ၁၆ ဦးထိ ရှိနေပြီလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပဲခူးတက္ကသိုဘ်ကျောင်းသား #ကိုရှိုင်းသီဟန်လင်း #ကိုကျော်ဘိုဘိုသိန်း

Related posts

Leave a Comment

VOM News

FREE
VIEW