မနေ့က ပဲခူးမှာ ပစ်ခတ်မှုေတွကြောင့် လူသေဆုံးမှု များခဲ့ပေမယ့် ဒီနေ့ဆန္ဒဆက်ပြ

ပဲခူး-ဧပြီ ၁၀-၂၀၂၁
KLY(VOM)

မနေ့မနက်က တပ်နဲ့ရဲရဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် လူသေဆုံးမှု များခဲ့ပေမယ့်လည်း ပဲခူးမြိုခံ တွေက ဒီနေ့မနက်မှာ ဆက်လက်ဆန္ဒဖော်ထုတ်ပြီး အာဏာရှင်စနစ်အလိုမရှိကြောင်း သဘောထားပြသခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က မျက်မြင်တွေရဲ့ ပြောဆိုချက်အရ လူသေဆုံးသူအရေအတွက်ဆယ်
ဂဏန်းအထက်ရှိနိုင်ပါတယ်။ တပ်နဲ့ရဲအင်အားအများအပြားတိုးချဲ့လို့ ပြေး လွှားတိမ်းရှောင်သူအချို့ရှိပေမယ့် ကနေ့မနက် ဆက်ပြီး ဆန္ဒဖော်ထုတ်ကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပဲခူးမှာ ဧပြီ ၉ ရက်နေ့မနက် ၅ နာရီခန့်ကစတင်ပြီး ပစ်ခတ်‌မှုတွေကြောင့်သေဆုံးသူဦးရေ ဆယ်ဂဏန်းအထက်မှာရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူဦးရေ ၄၀ နီးပါးခန့်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဧပြီ ၉ ရက်နေ့ကပစ်ခတ်မှုတွေကြောင့် သေဆုံးသူများရဲ့အလောင်းတွေကို ပဲခူးမြို့မှော်ကန် ၁၃ လမ်း၊ ရှင်စောပုဘုရားဝင်းနားမှာ စုပုံထားရှိပြီး ဒေသခံပရဟိတအဖွဲ့တွေနဲ့ သံဃာတော်အချို့က သွားရောက် တောင်းခံခဲ့ပေမယ့် ပြန်မပေးတဲ့ အလောင်း အဲဒီနေရာတင် ဆယ်ဦးနဲ့ ဆယ့်ငါးဦးကြားမှာ
ရှိနိုင်တယ် ခန့်မှန်းကြောင်း ဒေသခံအချို့က ဆိုပါတယ်။

ထက်ပေါ်နေတဲ့သတင်းတွေအရ ပဲခူးတမြို့လုံးမှာ ပစ်ခတ်မှုတွေကြောင့် သေနတ်ကျည်ဆန်ထိမှန်သေဆုံးသူဦးရေ ၆၀လောက် ရှိနိုင်တယ်ဆိုပေမယ့်VOM သတင်းဌာနအနေနဲ့ အတည်ပြုနိုင်မှု မရှိသေးပါဘူး။

ဓါတ်ပုံ-CJ
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW