လားရှိုး နောင်မွန်ရဲစခန်း တိုက်ခိုက်ခံရလို့ ၈ ဦးထက်မနည်းသေဆုံးတယ်လို့ သတင်းထွက်ပေါ်

ဧပြီ-၁၀-၂၀၂၁
Voice Of Myanmar

ပြည်ထောင်စုလမ်းမကြီးဘေး လားရှိုးကနေ မန္တလေးဘက်အထွက် နောင်မွန်ရဲစခန်းကို မနက် ၅နာရီဝန်းကျင်က လက်နက်ကိုင်အဖွဲ့တခုကနေဝင်တိုက်လို့ စခန်းမှူးအပါအဝင် ၈ ယောက်ထက်မနည်းကျဆုံးတယ်လို့ ပတ်ဝန်းကျင်ပြောစကားအရ ကနဦးသိရပါတယ်။

လားရှိုးက ရဲတပ်ဖွဲ့ကိုမေးကြည့်တော့ ” မနက်က ဟုတ်ပါတယ်၊ ကျဆုံးစာရင်းအတိကျတော့ စုနေဆဲမို့ အတိကျမထွက်သေးပါဘူး” လို့ပြောပါတယ်။

ဒေသခံတချို့က TNLA က တိုက်တာဖြစ်နိုင်တယ်ဆိုလို့ TNLA ကိုဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့မရသေးပါဘူး။ တချို့ကလည်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး(TNLA)နဲ့ ကိုးကန့် (MNDAA) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် တို့ ၃ဖွဲ့ပေါင်းက ဝင်တိုက်တာလို့ ပြောကြပေမယ့် အတည်ပြုချက်မရနိုင်သေးပါဘူး။

လတ်တလော လားရှိုးဝန်းကျင်မှာ ရဟတ်ယာဉ်တချို့ ပျံသန်းနေတာတွေ့သလို လူမှုရေးအသင်းကားတွေလည်း သွားလာနေပေမယ့် သေဆုံးဒဏ်ရာရစာရင်းကို VOM အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #လားရှိုး

ပုံစာ_ ရှေ့တန်းထွက်မယ့် TNLA စစ်ကြောင်းတခု
ဓါတ်ပုံ-M tea land

Related posts

Leave a Comment

VOM News

FREE
VIEW