သုံးခွရဲစခန်းမှာ ဒုရဲအုပ်က တပ်ကြပ်ကို သေနတ်နဲ့ ပစ်လို့ သေဆုံး

ရန်ကုန် ဧပြီ ၁၆-၂၀၂၁
MHS(VOM)

ရန်ကုန်တိုင်း၊ သုံးခွရဲစခန်းမှာ မနေ့ည ၈နာရီကျော် အချိန်လောက်မှာ ဒုရဲအုပ်အောင်ဘိုဘိုနဲ့ တပ်ကြပ်ဖြစ်သူဇော်ဝင်းမောင်တို့ဟာ အရက်သောက်စကားများရန်ဖြစ်ခဲ့ပြီးနောက် ဒုရဲအုပ်အောင်ဘိုဘိုက သေနတ်ထုတ်ပြီး ပစ်ခတ်လိုက်လို့ ခေါင်းထိသေဆုံးသွားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

“ရဲစခန်းထဲ သေနတ်သံကြားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတာတော့ သိတယ်။နောက်မှ ရဲအချင်းချင်းပစ်ကြတာလို့ သိရတယ်” ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

သေဆုံးသွားသူ တပ်ကြပ် ဇော်ဝင်းမောင်ဟာ အသက် ၂၇နှစ်အရွယ်ဖြစ်ပြီး သုံးခွမြို့နယ် အလန်းကုန်းကျေးရွာ ဇာတိဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းက ဇာတိရွာမှာ သဂြိုလ်ဖို့ သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပစ်ခတ်သူကို ရဲတပ်ဖွဲ့စည်းကမ်းဥဒေနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

photo-ကောင်းသန့်

#voiceofmyanmar #VOM #သုံးခွမြို့ #ရဲအချင်းချင်းပစ်

 

Related posts

Leave a Comment

VOM News

FREE
VIEW