သုံးခွရဲစခန်းမှာ ဒုရဲအုပ်က တပ်ကြပ်ကို သေနတ်နဲ့ ပစ်လို့ သေဆုံး

ရန်ကုန် ဧပြီ ၁၆-၂၀၂၁ MHS(VOM) ရန်ကုန်တိုင်း၊ သုံးခွရဲစခန်းမှာ မနေ့ည ၈နာရီကျော် အချိန်လောက်မှာ ဒုရဲအုပ်အောင်ဘိုဘိုနဲ့ တပ်ကြပ်ဖြစ်သူဇော်ဝင်းမောင်တို့ဟာ အရက်သောက်စကားများရန်ဖြစ်ခဲ့ပြီးနောက် ဒုရဲအုပ်အောင်ဘိုဘိုက သေနတ်ထုတ်ပြီး ပစ်ခတ်လိုက်လို့ ခေါင်းထိသေဆုံးသွားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။ “ရဲစခန်းထဲ သေနတ်သံကြားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတာတော့ သိတယ်။နောက်မှ ရဲအချင်းချင်းပစ်ကြတာလို့ သိရတယ်” ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။ သေဆုံးသွားသူ တပ်ကြပ် ဇော်ဝင်းမောင်ဟာ အသက် ၂၇နှစ်အရွယ်ဖြစ်ပြီး သုံးခွမြို့နယ် အလန်းကုန်းကျေးရွာ ဇာတိဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းက ဇာတိရွာမှာ သဂြိုလ်ဖို့ သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပစ်ခတ်သူကို ရဲတပ်ဖွဲ့စည်းကမ်းဥဒေနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ photo-ကောင်းသန့် #voiceofmyanmar #VOM #သုံးခွမြို့ #ရဲအချင်းချင်းပစ်  

Read More

ပခုက္ကူက အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဧရာဝတီ အနောက်ဘက်ခြမ်းက ပြည်သူတွေ ကျန်းမာစောင့်ရှောက်မှု အခက်ခဲရှိနေ

ဧပြီ ၁၆ ၊ ၂၀၂၁ KTG (VOM)   မကွေးတိုင်း ပခုက္ကူမြို့က အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ ချင်းတောင်ခြေ အကြားက ဒေသခံ ပြည်သူတချို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အတွက် အခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   ” ပခုက္ကူမှာ ပြည်သူ့ဆေးရုံကြီး နဲ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ၂ ရုံ ၊ ဆေးခန်း ၂၀ ကျော်ရှိတယ်၊ အထူးကု ဆရာဝန် ၉ ယောက်ရှိတဲ့အနက် ၆ ယောက်က ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ အရေးပေါ် လူနာတွေကို မုံရွာ ကုတင် ၃၀၀ စစ်ဆေးရုံနဲ့ ငွေကြေးတတ်နိုင်သူ အနည်းစုက မန္တလေးဆေးရုံးကို သွားပြကြရတယ်၊ ငွေကြေး မပြည့်စုံတဲ့…

Read More

စစ်ကိုင်းက စားသောက်ဆိုင်မှာ ရဲနဲ့ အရပ်သား ရန်ဖြစ်ရာက ရဲကသေနတ်နဲ့ ပစ်လို့ အရပ်သား ၁ ယောက်ဒဏ်ရာရ

ဧပြီ ၁၆ ၊ ၂၀၂၁ KTG (VOM)   စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပန်ဘဲတန်းရပ်ကွက် ၊ တာရိုးကြီးလမ်းမှာရှိ စားသောက်ဆိုင် တဆိုင်ထဲမှာ ဧပြီ ၁၅ ရက် မနေ့ ညနေပိုင်းက ရဲနဲ့ အရပ်သား ခိုက်ရန်ဖြစ်တာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အရပ်သား တစ်ယောက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။   အဲ့ဒီ ခိုက်ရန်ဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေတဲ့ ဒေသခံ တစ်ယောက် ပြောတာက ” ရဲ ၂ ယောက်ထိုင်နေတဲ့ စားပွဲဝိုင်းဘေးကဝိုင်းမှာသောက်စားနေတဲ့ လူ ၃ ယောက်က ရဲ ၂ ယောက်ဝိုင်းကိုသွားပြီး မင့်တို့က စစ်သားလား..  ရဲလား လို့မေးပြီး လက်သီးနဲ့ထိုးတယ် ၊ နောက်ပြီး လူ ၃ ယောက်က ရဲ ၂ ယောက်ကို…

Read More
VOM News

FREE
VIEW