မြောက်ဒဂုံ ၃၈ ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဧပြီ ၂၀-၂၀၂၁
MHS(VOM)

မြောက်ဒဂုံမြို့နယ် ၃၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့မနက် ၁၀နာခွဲဝန်းကျင်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေဆီက သိရပါတယ်။

“အမိုးတော့ ပွင့်သွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။

အဲဒီရုံး ပေါက်ကွဲဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရဲနဲ့ စစ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ နေ့လယ် ၁၂နာရီအထိ စစ်သားတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဧည့်စာရင်းဥပဒေပြဌာန်းအတည်ပြုပြီး ဧည့်စာရင်းတိုင်ကြဖို့ ကြေညာပြီးတဲ့နောက်ပိုင်း ရန်ကုန်တိုင်းအတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ မီးလောင်ကျွမ်းတာတွေနဲ့ လက်လုပ်ဗုံးကွဲတာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

မြောက်ဒဂုံမြိုနယ်ထဲမှာ ဒီလဒုတိယအပတ်ကလည်း ၂၈ရပ်ကွက် ၃၀ရပ်ကွက် နဲ့ ၄၅ရပ်တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားထားပါတယ်။

#voiceofmyanmar #vom #မြောက်ဒဂုံ #ရပ်ကွက်ရုံး #ပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW