ကလေးတက္ကသိုလ်အနီး ပစ်ခတ်ခံရသူ ကျောင်းသားတစ်ဦး ထပ်မံကျဆုံး

ဧပြီ ၂-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဧပြီလ ၁ ရက် မနေ့ညပိုင်းက ကလေးတက္ကသိုလ်အနီး ကင်းပုန်း၀ပ်‌နေတဲ့ စစ်တပ်က ပစ်ခတ်လိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် (ခ) ဆလိုင်းဗန်ဗျက်ထန် လို့ခေါ်တဲ့ ကျောင်းသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ” မနေ့ညက ကလေးတက္ကသိုလ်နားမှာ ပစ်ခတ်ခံရလို့ လူငယ်နှစ်ဦး ကျည်ထိတယ်။ တစ်ဦးကို ချက်ချင်းခေါ်ထုတ်ခဲ့နိုင်ပေမယ့် နောက်တစ်ဦးကိုတော့ သေနတ်တွေနဲ့ ဆက်တိုက်ပစ်နေလို့ မသယ်နိုင်ခဲ့ဘူး၊ ထားခဲ့ရတယ်။ ဒီနေ့မနက်ကျ‌တော့ ကလေးတက္ကသိုလ်နားမှာပဲ အလောင်းတွေ့တယ် ” လို့ ဒေသခံတစ်ဦးက ဖြစ်စဉ်အခြေအနေကို ရှင်းပြပါတယ်။ မနေ့ညပိုင်း စစ်တပ်က ပစ်ခတ်ခဲ့လို့ ဒီကနေ့ မနက်ပိုင်းမှာ အလောင်းတွေ့ရှိခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် (ခ) ဆလိုင်းဗန်ဗျက်ထန်ဟာ ကလေးတက္ကသိုလ် မြန်မာစာမေဂျာနဲ့ ဒုတိယနှစ် တက်ရောက်နေသူဖြစ်သလို သူ့ရဲ့ရုပ်အလောင်းကိုတော့…

Read More

အာဏာရှင်ဆန့်ကျင်ရေး သာကေတမှာ ဆက်လက်ဆန္ဒပြ

ရန်ကုန်၊ဧပြီ ၂-၂၀၂၁ အေးချမ်းသူ(VOM) ပစ်ခတ်မှုတွေရှိနေပေမယ့် အာဏာရှင်ဆန့်ကျင်ရေးအတွက် သာကေတမှာ ဒီနေ့ ဧပြီ ၂ ရက် မနက်ပိုင်းမှာ ဆက်လက်ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း သာကေတမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။ #VoiceOfMyanmar #VOM #သာကေတ

Read More

ရခိုင်ရိုးရာ သင်္ကြန် ရေသဘင်ပွဲ အကန့်အသတ်နဲ့ ပြုလုပ်ဖို့ရှိ

ဧပြီ ၂-၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်ကျင်းပပြလုပ်လေ့ရှိတဲ့ ရိုးရာသင်္ကြန်ရေသဘင်ပွဲကို ပြီးခဲ့တဲ့နှစ်တွေက ရပ်နားထားခဲ့ရပေမယ့် ယခုနှစ် ၂၀၂၁ ခုနှစ်မှာတော့ အကန့်အသတ်နဲ့ ကျင်းပပြုလုပ်သွားဖို့ရှိကြောင်း သိရပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ကျင်းပရေးအတွက် ကိုဗစ်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်ဘောင်အတွင်းက ကျင်းပဖို့ ခွင့်ပြုထားပြီး အဲဒီခွင့်ပြုချက်နဲ့အညီ ရေလောင်းမဏ္ဍပ်တစ်ခုလုပ်မည်ဆိုပါက လူ (၅၀) ထက်မပိုစေရေး ကန့်သတ်ချက်ထားရှိကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးဦးလှသိန်းက “အစိုးရကတော့ ရခိုင့်ရိုးရာသင်္ကြန်လည်း အနှစ်သာရမပျက်အောင် လောင်းလှေနဲ့ ရေးလောင်တဲ့ဟာမျိုး စစ်တွေကမ်းနားလမ်းမှာ မဏ္ဍပ်တစ်ခုလုပ်ဖို့ရှိတယ်။ လူ (၅၀) မကျော်အောင်လည်း ကြီးကြပ်ပြီးတာဝန်ယူထားမယ်။ ကျန်တဲ့ နေရာတွေမှာတော့ အစိုးရက ကြီးကြပ်ပြီး လုပ်ပေးဖို့မရှိဘူး။” လို့ မနေ့က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအတွင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြေကြားခဲ့တာဖြစ်ပါတယ်။ ကိုဗစ်နဲ့ ဆက်စပ်တဲ့ အခြေခံစည်းကမ်းချက်တွေဖြစ်တဲ့ နှာခေါင်းစည်း…

Read More

ကသာမြို့မှာ CDM ရန်ပုံငွေအတွက် လက်ပန်းချီဆေးရေး

ကသာ၊ဧပြီလ(၂)ရက် SKT ကသာမြို့မှာဧပြီလ(၂)ရက်က အာဏာရှင်စနစ်ကျဆုံးရေးအတွက် လက်ပန်းချီဆေးရေး နွေဦးတော်လှန်ရေး အစီအစဉ်တစ်ခုပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ အစီအစဉ်ကို နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့CDMလှုပ်ရှားတဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုပေးနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေရရှိဖို့ပြုလုပ်ကြတာဖြစ်ပါတယ်။ “ဆန္ဒဖော်ထုတ်ဖို့ စုရပ်ကိုလာတဲ့ သူတွေရဲ့ လက်မှာ နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင်တဲ့စာသားတွေ ရုပ်ပုံလေးတွေကို ဆွဲပေးတာပေါ့။လက်မှာရေးဆွဲချင်တဲ့သူတွေကို ဆွဲပေးတာပါ။ရန်ပုံငွေလည်းကိုယ်တတ်နိုင်သလောက်ထည့်လို့ရတဲ့အစီအစဉ်ပါ။စိတ်ဝင်တစားလက်မှာရေးဆွဲကြတာတွေ့ရတယ်” လို့ ကသာမြို့ဒေသခံတစ်ဦးကပြောပါတယ်။ ကသာမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် နေ့စဉ်မပျက်မကွက် ဆန္ဒဖော်ထုတ်ခြင်းနဲ့ ပုံစံမျိုးစုံလှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် ပြုလုပ်လျက်ရှိပြီး ရက်ပေါင်း(၆၂)ရက်ကျော်လာပြီဖြစ်ကြောင်း သိရပါတယ်။ #VoiceOfMyanmar #VOM #ကသာ #လက်ပန်းချီဆေးရေး

Read More

စစ်ကိုင်းမှာ ညကင်းစောင့်တဲ့အမျိုးသား ၂ ဦးကို စစ်တပ်နဲ့ရဲတွေက ပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်း၊ ဧပြီ ၂- ၂၀၂၁ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်မှာ ဧပြီ ၁ ရက်နေ့ညက ညကင်းစောင့်တဲ့အမျိုးသား ၂ ဦးကို စစ်တပ်နဲ့ရဲတွေက ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ညကင်းသမား ကိုအေးချမ်း အသက် (၃၆) နှစ်ရဲ့ ရင် ဘတ်နဲ့ ဆီးခုံကို ကျည်ဆံထိမှန်ကာ သေဆုံးခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းကပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ “မနေ့ညက စစ်တပ်နဲ့ရဲတွေက ကင်းလှည့်နေချိန်မှာ သူတို့က ပုန်းနေတာ ခဏနေကြတော့ အသံမကြားရတော့လို့ ပြန်သွားပြီထင်တဲ့အချိန်မှာ သူတို့ ၂ ယောက်က အရေးတော်ပုံ အောင်ရမယ်လို့ အော်ပြီးထွက်လာတော့ စစ်သားတွေက အောင်ဦးကွာ အောင်ဦးကွာဆိုပြီး သေနတ်နဲ့ ၃ ချက်ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့…

Read More

နေပြည်တော် ကျောက်မျက်ရတနာရောင်းချပွဲ တိတ်ဆိတ်

နေပြည်တော်-ဧပြီ-၂-၂၀၂၁ ကိုထွန်း(VOM) ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၀ရက်နေ့ထိ မဏိရတနာကျောက်စိမ်းခန်းမတွင်ကျင်းပပြုလုပ်တဲ့ အရောင်းပွဲမှာ ပုလဲအတွဲပေါင်း ၃၁၇ တွဲ၊ ကျောက်စိမ်းအတွဲ ၂၁၄၈ တွဲ၊ ကျောက်မျက်အတွဲ ၁၉၉ တွဲကို မြန်မာကျပ်ငွေနဲ့ အိတ်ဖွင့်တင်ဒါစနစ်သုံးရောင်းချနေတာပါ။ အခါတိုင်းကျောက်မျက်ရတနာရောင်းပွဲဆိုရင် ဟိုတယ်တွေမှာ လူတွေပြည့်သလောက်ရှိသလို နေပြည်တော်သပြေကုန်းဝန်းကျင်က ရွေခရားလ္ဘက်ရည်ဆိုင်၊ Excellent လ္ဘက်ရည်ဆိုင်၊ရွှေစင်မိုးလ္ဘက်ရည်ဆိုင်တွေမှာ ထိုင်စရာမရှိအောင်စည်းကားခဲ့ပေမယ့် ခုအချိန်မှာ မြို့ခံနဲ့ ဝန်ထမ်းတွေကလွဲလို့ ဧည့်စိမ်းမရှိသလောက် နည်းနေပါတယ်။ မနေ့ကထုတ်လွှင့်တဲ့ MRTV သတင်းမှာလည်း အရင်တုန်းကဘယ်လိုရောင်းချခဲ့တယ်ဆိုတဲ့ ပုံတွေနဲ့ နစကကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုရှင်းပြနေတာတွေ ထည့်သွင်းလွှင့်ခဲ့တာတွေ့ရပါတယ်။ ကျောက်စိမ်းအဓိကပြန်လည်ရောင်းချတဲ့ တရုတ်မြန်မာနယ်စပ် ရွှေလီကျယ်ဂေါင် ကျောက်စိမ်းဈေးကွက်ကလည်း ပိတ်ထားတဲ့အတွက် ပြန်ရောင်းချစရာနေရာမရှိသလို ဘဏ်တွေထဲကငွေတွေ ထုတ်မရတာကြောင့် မသွားဖြစ်ဘူးလို့ မန္တလေးက ကျောက်စိမ်းကုန်သည် တယောက်က ဆိုပါတယ်။ #Voiceofmyanmar #VOM #နေပြည်တော်ကျောက်မျက်ပြပွဲ

Read More

နေပြည်တော် ဗဟိုမဏ္ဍပ်ဖျက်ပြီ

နေပြည်တော်-ဧပြီ ၂ – ၂၀၂၁ ကိုထွန်း(VOM) နေပြည်တော် မြို့တော်၀န်သင်္ကြန်မဏ္ဍပ် ဒီကနေ့ ဧပြီ၂ရက်နေ့ မနက်ပိုင်းက ပြန်ဖျက်နေတာကို တွေ့ရပါတယ်။ သင်္ကြန်မဏ္ဍပ်ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး စည်ပင်သာယာရေးအဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင်ကြပါဘူး။ #voiceofmyanmar #VOM #နေပြည်တော်

Read More

မြတောင်သပိတ်စစ်ကြောင်း

ဧပြီ ၂ -၂၀၂၁ Photo – CJ မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာလည်း အတားအဆီးရှိတဲ့ကြားကနေ ချီတက်လမ်းလျှောက်ဆန္ဒပြတာကို ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်

Read More

ပဲခူးမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်ခေါ်ဆောင်ဖမ်းဆီးသွားတဲ့ ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

ဧပြီ၂ -၂၀၂၁ KLY(VOM) ပဲခူးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ၂၉ ရက် မနက် ၁၁ နာရီခန့်က ဗဟိုစည်၊အမှတ် ၇ လမ်းထဲမှာဆိုင်ကယ်‌မောင်းနှင်လာချိန် ပစ်ခတ်ခံခဲ့ရသူ နှစ်ဦးအနက် မနေ့ ဧပြီ ၁ရက် ည ၁၁ နာရီက တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရတာပါ။နှစ်ဦးလုံးကို အနီးကဘုန်းတော်ကြီးကျောင်းထဲ ခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးက အဲ့ဒီနေ့ညနေပိုင်းမှာ သေဆုံးသွားခဲ့သလို အခုနောက်တစ်ဦး ‌ပဲခူးဆေးရုံမှာ ထပ်မံသေဆုံးခဲ့တာပါ” လို့ ပဲခူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မတ် ၂၉ ရက်နေ့က သေဆုံးသူဟာ ပဲခူးတက္ကသိုလ်ကျောင်းသား ကိုရှိုင်းသီဟန်လင်း အသက် ၂၀နှစ်ဖြစ်ပြီး မနေ့က သေဆုံးသူကတော့ ပဲခူးတက္ကသိုလ်ကျောင်းသားပဲဖစ်တဲ့ ကိုကျော်ဘိုဘိုသိန်း အသက် ၂၀နှစ် ဖြစ်ပါတယ်။ ပဲခူးမှာ ဒီနေ့အထိ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ သေနတ်ထိမှန်သေဆုံးခဲ့သူ ဦးရေ ၁၆ ဦးထိ…

Read More

ဗကသအဖွဲ့ချုပ်အပါအဝင် စစ်ကြောင်း ၃ ခုပေါင်းပြီး ချီတက်ဆန္ဒပြ

မန္တလေး၊ ဧပြီ ၂- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ဘုရားကြီးသပိတ်စစ်ကြောင်း၊ အမှတ်(၇) ကျောင်းသူကျောင်းသားဟောင်းတွေရဲ့ သ ပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဗကသ #မန္တလေး

Read More
✕
VOM News

FREE
VIEW