ကမ္ဘာတပတ်ပြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မွေးရပ်မြေဝူဟန်တစ်မြို့လုံး ဗိုင်းရပ်စ်စစ်ရတော့မယ်

ပေကျင်း၊ သြဂုတ်-၃-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တစ်နှစ်ကျော်ကာလအတွင်း ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးတွေ့ရှိပြီးနောက် မြို့မှာနေထိုင်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးသွားမယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၃ ရက်မှာပြောပါတယ်။
 
မြို့နေပြည်သူ ၁၁ သန်းကို ဗိုင်းရပ်စ်ရှိမရှိ အလျှင်အမြန်စစ်ဆေးမှုများပြုလုပ်သွားမယ်လို့ ဝူဟန်မြို့ထိပ်တန်းတာ၀န်ရှိသူ Li Tao က သြဂုတ် ၃ ရက်တွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
၀ူဟန်မြို့မှာ ၂၀၂၀ ခုနှစ်အစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားပြီး မကြုံစဖူးလော့ခ်ဒေါင်းချတာတွေပြုလုပ်ခဲ့ရပြီး တစ်နှစ်ကြာချိန်ထိ ဗိုင်းရပ်စ်ကူးစက်မတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားများအကြား မြို့မှာကူးစက်မှု ခုနှစ်ခုတွေ့ရှိခဲ့တယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
ဒါ့ပြင် နန်ကျင်းလေဆိပ် သန့်ရှင်းရေးသမားတွေမှာ ဗိုင်းရပ်စ်စတင်ကူးစက်မှုကြောင့် နိုင်ငံအနှံ့မှာ ကူးစက်မှုတွေရှိခဲ့ပြီး မြို့ကြီးဒါဇင်များစွာမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကူးစက်မှုဟာ သြဂုတ် ၃ ရက်မှာတော့ ၆၁ ခုထိရှိလာပါတယ်။
 
မြို့တော်ပေကျင်းအပါအ၀င် အခြားသောမြို့ကြီးတွေရှိ ဒေသခံသန်းပေါင်းများစွာကိုလည်း လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးပေးနေပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့သူမိသူတွေကိုလည်း ကွာရန်တင်းထားရှိပြီး အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။
 
Ref : Straits Times
Photo: AFP
 
#voiceofmyanamar #vom #ဝူဟန#ကိုရိုနာ

Related posts

Leave a Comment

VOM News

FREE
VIEW