တရုတ်-မြန်မာနယ်စပ် ဗိုင်းရပ်စ် အနီရောင်ဇုံ သတ်မှတ်တဲ့နေရာက ဒေသခံမဟုတ်သူတွေ နေရပ်ပြန်ရမယ်

ဩဂုတ် ၇ -၂၀၂၁
Shy V (VOM)
 
တရုတ်-မြန်မာနယ်စပ် ဗိုင်းရပ်စ် ကူးစက်မှု အနီရောင်ဇုံ သတ်မှတ်ထားတဲ့နေရာက ဒေသခံမဟုတ်သူတွေအားလုံး နေရပ်ပြန်ရမယ်လို့ တရုတ်ဘက်ခြမ်းက မြန်မာ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။
 
” COVID-19 ကူးစက်မှု အနီရောင်အဆင့် သတ်မှတ်ထားတဲ့‌ နေရာက နေထိုင်ခွင့် ထောက်အထား ရှိရှိ၊ မရှိရှိ၊ မြန်မာနိုင်ငံသားရော တရုတ်နိုင်ငံသားပါ မိမိဌာနေကို ပြန်ဖို့ သတ်မှတ်ထားတယ်၊ ရွှေလီက ဗိုင်းရပ်စ်ဇုံ သတ်မှတ်ထားတဲ့ တချို့နေရာ မနေ့က စပြီး အကုန်ပြန်လွှတ်တယ်။ ကျင်းခမ်း ရှမ်းရွာရယ်၊ နောင်ခမ်းရွာရယ်ကို။ သူတို့ ပြန်လွှတ်မှာ။ ဒီ ရွှေလီက နေထိုင်လို့ရတယ်။” လို့ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာ ရေး ကူညီမှုအသင်း(ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။
 
တရုတ်အစိုးရအနေနဲ့ ကျယ်ဂေါင် အပါအဝင် မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တရုတ်နယ်စပ် တလျှောက်ကို COVID-19 ဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံး အနီရောင်ဇုံ အဖြစ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
 
ရွှေလီမှာ စစ်ဆေးတဲ့အထဲက ဩဂုတ် ၂ ရက်နေ့မှာ ပိုးတွေ့ထပ်တိုးလူနာ မြန်မာနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား တစ်ဦး ရှိလာတာကြောင့် ရွှေလီတမြို့လုံးကို ဩဂုတ်လ ၃ ရက်နေ့ တရုတ်အချိန် မွန်းလွဲ ၂ နာရီမှာ Lockdown ပြန်လည် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ဩဂုတ်လ ၆ ရက်နေ့ကစ ရွှေလီ မုံမောက်နယ်၊ လုံဟန်ရွာ ၁ နှင့် ၂ ရပ်ကွက်၊ ကျင်းခန်းရွာ ဧရိယာ၊ တုံနန်ယား ကွန်ဒိုအိမ်ယာ ဧရိယာ၊ မုံလုံးရှားဧရိယာ အနောက်ဘက် (တွမ်ကျဲ့တာကုံး အရှေ့ဘက်၊ အနောက်ဘက် စွမ်းဟုန်းလု၊ တောင်ဘက်စွမ်းတင်းလု၊ မြောက်ဘက် စွမ်းတန်းလု) စတဲ့ နေရာတွေကို ကူးစက်မှု အလယ်ဇုန်အဖြစ်သတ်မှတ်ထားပြီး ရွှေလီ လုံတောက်နယ် လွေးရင်းရွာ ကိုတော့ ကူးစက်မှု အနိမ့်ဆုံးဇုန်အဖြစ် သတ်မှတ်ထားကြောင်း ယူနန်ကျန်းမာရေးဌာနက သတင်းထုတ်ပြန် ထားတာ ဖြစ်ပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW