ဒေါက်တာဇော်မြင့်မောင် အိုးဘိုထောင်မှာ ရောဂါမသက်သာလို့ မန္တလေးဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသနေရ

မန္တလေး၊ ဩဂုတ် ၇-၂၀၂၁
HlK (VOM)
 
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်းထောင်အတွင်း ကင်ဆာရောဂါနဲ့ ဆေးကုသနေရာ ရောဂါမသက်သာတာကြောင့် မနေ့ ဩဂုတ်လ ၆ရက်နေ့ ည၈နာရီခန့်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ” ဇူလှိုင်လ၂၉ ရက်နေ့ကတည်းက သွေးကင်ဆာရောဂါနဲ့ အကျဉ်းထောင်ဆေးရုံမှာ ဆေးကုနေရတာ၊ မသက်သာလို့ အခုလို့ စီစဉ်လိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။
 
​မန္တလေးဆေးရုံကြီးအနီး နေထိုက်သူတစ်ဦးကလည်း “မနေ့ညကတော့ ယာဉ်တန်းတွေနဲ့ ဆေးရုံထဲဝင်သွားတာတွေ့တယ်၊ ဘယ်သူလာတာလည်းတော့ မသိဘူး၊ မနေ့ကလည်း လိုင်းပေါ်မှာ ဒေါက်ဇော် ဆေးလာကုမယ်လို့တော့ ဖတ်လိုက်ရတယ်”လို့​ ပြောပါတယ်။
 
ဒေါက်တာဇော်မြင့်မောင်ဟာ ယခင်ကတည်းက ကင်ဆာဆေးပုံမှန်သွင်းနေရသူ ဖြစ်ပြီး အကျဉ်းထောင်ကျတဲ့အချိန် ဆေးကုသမှုခံယူနေရတာကလည်း ရောဂါအခြေအနေ သက်သာလာမှုမရှိတာကြောင့် မန္တလေးဆေးရုံကြီးက ပါမောက္ခဌာနမှူးတစ်ဦးရဲ့ ဆေးမှတ်ချက်အရ အခုလို ပြောင်းရွှေ့ကုသလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒေါက်တာဇော်မြင့်မောင်ရဲ့ အဖေဖြစ်သူဟာလည်း မန္တလေးဆေးရုံကြီး အရေးပေါ်အထူးကြပ်မတ်ကုဆောင်မှာ ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW