မန္တလေးမြို့မှာ ရပ်ကွက်ရုံး အစောင့်ကျနေတဲ့စစ်သား(၁)ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

မန္တလေး၊ ဩဂုတ် ၁၁-၂၀၂၁
Ko Hik(VOM)
 
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုမှာ ဒီကနေ့မနက် ၆နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အစောင့်ကျနေတဲ့ စစ်သား(၁)ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
 
” အဲ့ဒီရုံးရှေ့ လုပ်ထားတဲ့ သဲအိတ်ထဲမှာ အစောင့်ကျနေတဲ့ စစ်သားတစ်ဦးကို အမည်မသိလူ(၂)ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ (၃)ချက်ပစ်သွားတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
သေနတ်ပစ်ခံရတဲ့ စစ်သားရဲ့ ညာဖက်နံကြားဖောက်ဝင် ဒဏ်ရာရပြီး နာရီပိုင်းအကြာ ဆေးရုံကိုပို့ဆောင်အပြီးမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
 
အဲ့ဒီလို ပစ်ခတ်မှုဖြစ်တဲ့အချိန် အခြား အစောင့်ကျနေတဲ့ စစ်သားတွေက သေနတ်နဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရဖို့ VOMအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW