အိန္ဒိယနိုင်ငံမြောက်ပိုင်း မြေပြိုမှု လူ ၁၃ ဦးသေဆုံး ၃၀ ကျော်ပိတ်မိနေ

ဒေလီ၊ သြဂုတ်-၁၂-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သြဂုတ် ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၃ ဦးသေဆုံးသွားပြီး ဒါဇင်များစွာဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။
 
ပြိုကျလာတဲ့ မြေသားနဲ့ကျောက်တုံးတွေဟာ ဟီမာချယ်ပရာဒေ့ရ်ှပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်က ထရပ်ကားတစ်စီး၊ ဘတ်စ်ကားတစ်စီးနဲ့ အခြားယာဉ်တွေအပေါ်ကို ကျရောက်ခဲ့ပါတယ်။
 
မြေပြိုမှုတွေ ဆက်လက်ဖြစ်နေပြီး ကျောက်တုံးကျောက်ခဲတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတားအဆီးဖြစ်နေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
လက်ရှိအချိန်ထိ လူ ၁၀ ဦးကိုကယ်တင်ထားပြီး အခြား ၃၀ ဦးဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
 
လွန်ခဲ့တဲ့လတွေအတွင်းကလည်း ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် နိုင်ငံတစ်၀န်းမှာ လူသေဆုံးစေတဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
 
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နယ်စပ်ဒေသက ရဲတပ်ဖွဲ့၀င်တွေလည်းပါ၀င်လုပ်ဆောင်နေပြီး မြေပြိုမှုနဲ့ပတ်သက်ပြီး အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
 
Ref : BBC
Photo: INDO-TIBETAN BORDER POLICE
#voiceofmyanmar #vom #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW