ပင်လည်ဘူးမြို့နယ် အုပ်စု၊အုပ်ချုပ်ရေးမှူးရဲ့အိမ်မှာ ဗုံး ၂ လုံးပေါက်

သြဂုတ် ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် ၊ နမ္မားကျေးရွာအုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူးရဲ့နေအိမ်မှာ မနေ့က မနက်အစောပိုင်း ၁ နာရီမထိုးခင်အချိန် ဝန်းကျင်က ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ပေါက်ကွဲတာက နမ္မားအုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဌေး ရဲ့အိမ်မှာဖြစ်တယ် ၊ အိမ်အောက်ထပ်မှာ ၁ လုံးနဲ့ အိမ်ရှေ့မျက်နှာစာ ခြံစည်းရိုး ထင်းပုံနားမှာ ၁ လုံး ၊ ဗုံး ၂ ကျရောက် ပေါက်ကွဲတာ ဖြစ်တယ် “လို့ ပင်လည်ဘူး ဒေသခံတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုကြောင့် အုပ်စုအုပ်ချုပ်ရေးမှူးရဲ့နေအိမ်အောက်ထပ်မှာ အကျယ် ၇ လက်မ ၊ အနက် ၄ လက်မ
မြေကျင်း တခုဖြစ်ပြီး အဲ့ဒီနေရာ အနီးမှာ ၂ လက္မအိမ်ရိုက်သံချောင်းတွေနဲ့ Fire Dragon အချိုရည် ဗူးခွံ အပိုင်းအစတွေ တွေ့ရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီနေအိမ်ရှေ့မျက်နှာစာ ခြံစည်းရိုးထင်ပုံ အနီး ပေါက်ကွဲမှုမှာလည်း အကျယ် ၆ လက်မ၊ အနက် ၃ လက်မမြေကျင်း ၁ ခုနဲ့ Fire Dragon အချိုရည် ဗူးခွံ အပိုင်းအစတွေ တွေ့ရပါသေးတယ်။
 
” အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိပေမယ့် တရွာလုံး အထိတ်တလန့်ဖြစ်ပြီး ကြောက်နေရတယ် ” လို့ နမ္မားရွာခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းက ပင်လည်ဘူးမြို့နယ် ၊ တောင်ဖီရွာအနီးမှာ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဌလည်းဖြစ် ၊ ကင်းပန်းကျေးရွာအုပ်စုရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးခင်ဇော်ဝင်း ဆိုသူဟာ ရွာလမ်း တံတားပြုပြင်နေချိန် အမည်မသိသူတွေက သေနတ်နဲ့ ၄ ချက်ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဖြစ်စဥ်လည်း ပေါက်ပေါက်ခဲ့တယ်လို့ ပင်လည်ဘူး ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ပင်လည်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW