ကြူကုတ်(ပန်ဆိုင်း)ဘက်က စစ်ရှောင်တဲတွေ အမိုးအကာ မလုံတဲ့အပြင် ရေဘေး စိုးရိမ်နေရ

ဩဂုတ် ၁၄-၂၀၂၁
Shy V(VOM)
 
မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)ဘက်က စစ်ရှောင်တဲတွေ အမိုးအကာ မလုံတဲ့အပြင် ရေဘေး စိုးရိမ်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။
 
“ကျန်းမာရေး ဆေးပစ္စည်းထက် အမိုးလုံတဲ့ ခိုလှုံဖို့နေရာ အရမ်းလိုအပ်နေပြီး အစားအသောက်တွေလည်း လိုအပ်နေတယ်”လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
 
အရင်က စစ်ရှောင်စခန်းအဟောင်းမှာ နာမည်စာရင်းမပါသူ‌ တဲထိုးရှောင်တိမ်းကာ နေထိုင်ရတဲ့ အိမ်ခြေ ၂၀ နီးပါးနဲ့ လူဦးရေ ၅၀ အထက်ရှိပြီး အခုအခါ မိုးမလုံတဲ့အပြင် ရေကြီးလာနေတာကြောင့် ရေဘေးကိုလည်း စိုးရိမ်နေကြရတယ် လို့ စစ်ရှောင်နေသူတွေက ပြောဆိုနေကြပါတယ်။
 
စစ်ရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက” ယာယီတိမ်းရှောင်နေရတဲ့ ပြည်သူတွေက ကောင်စထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်း စတဲ့ရွာတွေ ထဲက အိမ်ခြေ ၂၆၇၊ လူဦးရေ ၁၃၃၆ ဦး ရှိတယ်၊ ဩဂုတ်လ ၄ ရက်နေ့ကတည်းက ရှောင်တိမ်းလာတာပါ၊ လက်ရှိ ယာယီတိမ်းရှောင်လာတာ ၁၀ရက် ကြာပြီ ဖြစ်ပေမယ့် စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့အကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး စစ်ဖြစ်လာနိုင်တာကြောင့် ‌ရွာပြန်လို့ မရသေးဘူး”လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
မုံးကိုးဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ပန်ဆိုင်းလမ်းဘက်မှာရှိနေပြီး ကိုးကန့် (MNDAA)တွေက ရွာနား‌တွေမှာ လာစောင့်နေတာကြောင့် နှစ်ဘက်စလုံးက ပုန်းပြီး စောင့်ဆိုင်းနေကြတာကြောင့် ပြန်လို့မရဘဲ စိုးရိမ်နေကြရတာဖြစ်တယ်လို့ ပြောပါတယ်။
 
ဩဂုတ်လ ၃ ရက်လောက်ကတည်းက ကြူကုတ် (ပန်ဆိုင်း) နှင့် မုံးကိုးကြား မှာ စစ်တပ်နဲ့ MNDAA တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မူဆယ

Related posts

Leave a Comment

VOM News

FREE
VIEW