မုံရွာမြို့မှာ ကိုဗစ် ကူးစက်မှုကို ဖြတ်တောက်ဖို့ နေ့မထွက်ရ အမိန့်ထုတ်ပြီးနောက် လူသွားလူလာ လုံးဝမရှိ

သြဂုတ် ၊ ၁၄ -၂၀၂၁
ကိုတိုးကြီး (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုဗစ်ရောဂါ ကူးစက်တာကို ထိန်းချုပ်တဲ့အနေနဲ့ ဒီကနေ့စတင်ပြီး မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ နေ့မထွက်ရအမိန့်ကို မြို့တော်စည်ပင်က ထုတ်ပြန်ထားပါတယ်။
 
” မုံရွာမှာက ညမထွက်ရ အမိန့်လည်း တည်နေတုန်းပဲ၊ ည ၈ နာရီကနေ မနက် ၄ နာရီအထိက ညမထွက်ရ အမိန့် ဖြစ်တယ် ၊ မနက် ၄ နာရီကနေ နေ့ခင်း ၁၁ နာရီအထိ ကြား ကြာမြင့်ချိန် ၈ နာရီက မဖြစ်မနေမှ ခွင့်ပြုချက် ကဒ်နဲ့မှ ထွက်ရတယ် ၊ နေ့ခင်း ၁၁ နာရီကနေ ညနေ ၄ နာရီအထိက လုံးဝ ထွက်ခွင့်မရှိဘူး ၊ တခါ ညနေ ၄ နာရီကနေ ည ၈ နာရီအထိကလည်း ခွင့်ပြုချက်ကဒ်နဲ့မှ ထွက်လို့ရတယ် ” လို့ မုံရွာမြို့ခံတစ်​​ယောက်က ပြောပါတယ် ။
 
မုံရွာမှာ ဒီကနေ့ကစပြီး နေ့မထွက်ရ အမိန့်ဟာ စတင် အသက်ဝင်ခဲ့ပြီး နောက်ထပ် အမိန့် တစုံတရာ မကြေညာမချင်း အတည်ဖြစ်တယ်လို့ သိရပြီး ညမထွက်ရ အမိန့်ကတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ စတင်ခဲ့တာဖြစ်ပါတယ် ။
 
မုံရွာဒေသခံဟာ ညမထွက်ရအမိန့် နဲ့ နေ့မထွက်ရအမိန့် ၂ ရပ်ကြားမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW