မတ္တရာ NLD လူငယ် အမာခံ ၁ ယောက် သတ်ခံရပြီး အလောင်းဖျောက်ခံရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ NLD လူငယ် အမာခံ အဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီး မြေမြုတ်ထားတဲ့ မြေပုံတခုကို မနေ့ သြဂုတ် ၁၅ ညက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ္တရာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မတ္တရာနယ် ဆိတ်သာရွာရဲ့ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ လမ်းဘေးတောစပ် တနေရာမှာ လူမြုတ်ထားတဲ့ မြေပုံတခုတွေ့ရတယ်လို့ သတင်းရတာကြောင့် မြို့နယ်လူကြီးတွေက အဲ့ဒီမြေပုံကို တူးဖော်စစ်ဆေးကြတာဖြစ်တယ် ” လို့ ဆိတ်သာရွာခံ တစ်ယောက်က ပြောပါတယ်။
 
” မနေ့ကည ၈ နာရီဝန်းကျင်မှာ မြို့နယ်ဆရာဝန်ကြီး ၊ မြို့နယ်တရားသူကြီး ၊ မြို့နယ်ထွေအုပ် စတာတွေပါဝင်တဲ့ အဖွဲ့နဲ့ ဆိတ်သာရွာ တောစပ်က မသက်ာဖွယ်ရာ မြေပုံတခုကို တူးဖော်စစ်ဆေးကြည့်တယ် ၊ အမျိုးသားရုပ်အလောင်း ၁ လောင်းတွေ့ရတယ် ၊သေဆုံးသူရဲ့ရင်ဘတ်ပေါ်မှာ ပြောက်ကျားအိတ် ၁ လုံးပါတယ် ၊ အိတ်ထဲမှာ နိုင်ငံသား စီစစ်ဆေးရေး မှတ်ပုံတင် ၁ ခုတွေ့ရတယ် ၊မှုခင်းဆေးပညာအရ စစ်ဆေးနိုင်ဖို့ ရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး ဆေးရုံမှာ ဆက်လက်စစ်ဆေးတဲ့အခါ သေဆုံးသူဟာ သူ့ရဲ့ ဝဲဘက်နထင် ကျည်ဆံဖောက်ဝင် ဒဏ်ရာကြောင့် သေဆုံးတာဖြစ်တယ်လို့ သိရတယ် ” လို့ မတ္တရာမြို့နယ် တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ရဲဝန်ထမ်း ဆက်ပြောတာက ” အလောင်းတူးဖော်စဥ်က တွေ့ရှိရတဲ့ မှတ်ပုံတင်ပါ အချက်အလက်တိုင်း ဆက်သွယ် စုံစမ်းကြည့်လိုက်တော့ အမှတ် ၂ ရန်ကင်း ရပ်ကွက်မှာနေတဲ့ ကိုကျော်သူဦး အသက် ၂၉ နှစ် ဆိုသူဖြစ်တယ်ဆိုတာ သေဆုံးသူရဲ့ ဖခင်ကိုယ်တိုင် အတည်ပြုချက်အရသိရတယ် ” လို့ဖြစ်ပါတယ်။
 
” ကျော်သူဦးက မတ္တရာမြို့နယ် NLD လူငယ် အမာခံ အဖွဲ့ဝင် တစ်ဦးဖြစ်တယ် ” လို့ သေဆုံးသူရဲ့ ဖခင် ဦးကျော်စွာဝင်း (ခေါ်) ဦးကျော်ဆွေဝင်းက ပြောပါတယ်။
 
အဲ့ဒီ လူသတ်အလောင်းဖျောက်ကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့ အညီ အရေးယူပေးဖို့ သေဆုံးသူရဲ့ ဖခင်က အမှုဖွင့်တိုင်တန်းခဲ့တဲ့အတွက် မတ္တရာမြို့မရဲစခန်း အမှုကြီး အမှတ်စဥ် ၁၆ / ၂၀၂၁ ၊ ရဲစခန်း(ပ) ၁၂၂ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ / ၂၀၂ အရ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #မတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW