ဖားကန့်မြို့မရဲစခန်းက အပိုင်နယ်ထိန်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၂၀-၂၀၂၁
KK(VOM)
 
ဖားကန့်မြို့မရဲစခန်းက အပိုင်နယ်ထိန်းတစ်ဦး မနေ့ ဩဂုတ် ၁၉ရက် ညနေ ၅နာရီခန့်က အမည်မသိအ
ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ လုံးခင်းကျေးရွာကပြည်သူတွေဆီက သိရပါတယ်။
 
လုံးခင်းကျေးရွာ စျေးကုန်းနားက ဘောလုံးကွင်းမှာ အပိုင်နယ်ထိန်းဆိုသူရှိနေချိန် အမည်မသိအဖွဲ့က သေနတ်နဲ့လာပစ်သွားတာလို့ စျေးကုန်းရပ်ကွက်က ပြည်သူတစ်ဦးက ပြောပါတယ်။
 
“သေနတ်နဲ့ ၅ ချက်လောက်ပစ်ခံရတယ်ပြောတယ်၊ ဆေးရုံတောင်မရောက်ဘူး လမ်းမှာတင်သေတာ၊ စျေးကုန်းက အပိုင်နယ်ထိန်းလို့ပြောတယ်”လို့ ရှင်းပြပါတယ်။
 
သေနတ်ပစ်ခတ်ခံရသူဟာ ဖားကန့်မြို့မရဲစခန်းမှ ဒုတပ်ကြပ်ဝင်းမြင့်ဆိုသူဖြစ်ပြီး စျေးကုန်းရပ်ကွက်အပိုင်နယ်ထိန်းတစ်ဦးလည်းဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာအတွင်း စစ်သားတွေနဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက် ညနေပိုင်းကလည်း ဖားကန့်သွားတဲ့တံတားနားမှာ လုံးခင်းကျေးရွာအုပ်စုရဲစခန်းက ရဲအရာရှိ ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို သေနတ် ၃ လက်၊ လက်လုပ်မိုင်းတွေနဲ့အတူ KIAက ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ဖားကန့

Related posts

Leave a Comment

VOM News

FREE
VIEW