မုံရွာက အိမ်ထောင်စု ၁၅၀၀ ကို စားသောက်ကုန် ၇ မျိုး မျှဝေပေး

သြဂုတ် ၊ ၃၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ လက်လုပ် လက်စား အခြေခံလူတန်းစား မိသားစု ၁၅၀၀ ကို မုံရွာသား အိမ်ခြံမြေအငှားဝန်ဆောင်မှုလုပ်ငန်းက မဘုရားကြီးရပ်ကွက် တရုတ်တန်းလမ်းနဲ့ ကန္နားလမ်းမှာ မျှဝေပေးလျှက်ရှိပါတယ်။
 
အဲ့ဒီလို မျှဝေးပေးနေတာနဲ့ ပတ်သက်လို့ စေတနာရှင် ဦးအောင်မြင့် (မုံရွာသား အိမ်ခြံမြေ အငှားသီးသန့် ဝန်ဆောင်မှု) ပြောတာက
 
” အိမ်ထောင်မိသားစု ၁၂၀၀ ကိုတုံကင်စနစ်နဲ့ စားသောက်ကုန် ၇ မျိုးနဲ့ မီးဖိုချောင် တနေ့တာစရိတ် ပိုက်ဆံ ၁ ထောင် အားလုံး ၈ မျိုးမျှဝေးပေးတယ် ၊ အဲ့ဒီလို မျှဝေပေးတဲ့အခါ အရံအနေနဲ့ အိမ်ထောင်စု ၃ ရာအတွက်ပါ အပိုစီစဥ်ထားတာကြောင့် အိမ်ထောင်စု ၁၅၀၀ စာအတွက် စီစဥ်ထားတာ ” လို့ပြောပါတယ်။
 
မျှဝေပေးနေတဲ့ ပစ္စည်းတွေကတော့ မိသားစု ၁ စုကို ဆန် ၁ပြည် ၊ ပိုက်ဆံ ၁ ထောင် ၊ ခရမ်းချဥ်သီး ၁ ပိသာ ၊ ကြက်သွန်နီ ၁ ပိသာ ၊ အာလူး ၅ဝ သား ၊ ခေါက်ဆွဲ ၁ ထုပ် ၊ ကြက်ဥ ၅ လုံးဖြစ်ပါတယ်။
 
ကိုဗစ် တတိယလှိုင်းကာလမှာ မုံရွာမြို့ပေါ်က လုပ်ငန်းအများစု ယာယီရပ်နားထားရပြီး အခြေခံ အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်တွေ့နေကြတာဖြစ်ပါတယ် ၊ အဲ့ဒါကြောင့် ဦးမောင်မောင် ဒေါ်ဆွေမွန် မိသားစု ပေါက်ကျိုင်း လူသုံးကုန် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်က အဲ့ဒီလို ဝေငှပေးနေတာဖြစ်ပါတယ်။
 
#voiceofmyanmar #vom #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW