ရန်ကုန်ရှိ အင်းစိန်အပါအဝင် မြို့နယ် ၅မြို့နယ်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား

ရန်ကုန်၊သြဂုတ် ၃၀-၂၀၂၁
KK(VOM)
 
ရန်ကုန်ရှိ အင်းစိန်မြို့နယ်အပါအဝင် မြို့နယ် ၅မြို့နယ်မှာ ဒီကနေ့ မနက်၅နာရီလောက်ကစတင်ပြီး
ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်နေထိုင်သူတွေဆီက သိရပါတယ်။
 
အင်းစိန်စျေးအနီးနေထိုင်သူတစ်ဦးက ” ဒီကနေ့ မနက် ၅နာရီဝန်းကျင်က ပေါက်တောဝမီးပွိုင့်၊ အင်းစိန်ဂျပန်လမ်း၊ အင်းစိန်ရထားဘူတာအနီး နဲ့ အင်းစိန် BOC မီးပွိုင့်က မော်တော်ပီကယ်ရုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။
 
စမ်းချောင်းမြို့နယ်၊ လှည်းတန်းမီးပွိုင့် CityMark အနီးရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာလည်း ဒီကနေ့မနက်၅နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် ရန်ကင်းလမ်းမပေါ်ရှိ ရန်ကင်းစာတိုက်အနီးမှာလည်း ဗုံးပေါက်ကွဲခဲ့တယ်လို့ ​အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေက ပြောပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက် ၊ ခေမာသီ
လမ်းမပေါ်ရှိ အဝိုင်းအနီးမှာလည်း ဒီကနေ့မနက် ၅နာရီ
ခွဲက ဗုံးပေါက်ခဲ့ပြီး အလားတူ တောင်ဥက္ကလာပမြို့နယ်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ (ဆ)ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
လက်တလောမှာ ဗုံးပေါက်ကွဲတာတွေဖြစ်ခဲ့တဲ့ မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊ ရန်ကင်း၊ အင်းစိန်မြို့နယ်တွေမှာ စစ်တပ်နဲ့ရဲတွေဟာ လမ်းသွားလမ်းလာနဲ့ကားတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မနေ့ဩဂုတ်လ ၂၉ရက်နေ့က မြောက်ဒဂုံမြို့နယ်၊ ၃၁ရပ်ကွက် ရာအိမ်မှူးအိမ်ရှေ့၊ ၃၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ မင်္ဂလာအေးဘုန်းကြီးကျောင်းအနီး နဲ့
သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ကရပ်ကွက်၊ သမာဓိ၂လမ်းတို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW