မှော်ဘီမြို့၊လျှပ်စစ်ရုံးအနီး ဗုံးကွဲမှုမှာ လက်ဖြတ်လိုက်ရတဲ့ ကလေးငယ် အကူအညီလိုအပ်နေ

ရန်ကုန်၊သြဂုတ် ၃၁၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနီး မနေ့ဩဂုတ်လ ၃၀ရက်က ဗုံးပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦး လက်ဖြတ်လိုက်ရတဲ့အတွက် အကူအညီလိုအ
ပ်နေတယ်လို့ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းကနေ သိရပါတယ်။
 
” မနေ့ မနက်ပိုင်းက လျှပ်စစ်ရုံးအနီးမှာ အထုပ်တစ်ထုပ်ကို အမှိုက်ကောက်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကတွေ့ရှိပြီး ကောက်ကိုင်ရာကနေ ပေါက်ကွဲခဲ့တယ်၊ မြောက်ဥက္ကလာပဆေးရုံ အရိုးကုသဌာနမှာ ဗုံးပေါက်ပြီး ယမ်းစတွေဝင်တာကြောင့် ညာဘက်လက်ကောက်ဝတ်ကနေပြီး ဖြတ်လိုက်ရတယ်၊ ခြေထောက်လည်းနည်းနည်းထိထားတယ်၊ ကျနော်တို့လည်း ကူညီပေးနေတယ်၊ ဝိုင်းကူညီရင်တော့ ပိုကောင်းတာပေါ့”လို့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းက တိုင်းတာဝန်ခံ ကိုညဏ်မင်းထွန်းက VOMကိုပြောပါတယ်။
 
လက်လုပ်မိုင်းထိမှန်တဲ့ ကလေးငယ်ဟာ အသက် ၁၃နှစ်သာရှိပြီး အမေဖြစ်သူမှာ နောက်အိမ်ထောင်ပြုထားလို့ ဦးလေးဖြစ်သူနဲ့နေကာ မိမိဝမ်းရေးအတွက် ရေသန့်ဗူးပလစ်စတစ်ကောက်နေရတာဖြစ်တယ်လို့ ကိုညဏ်မင်းထွန်းက ရှင်းပြပါတယ်။
 
လက်တလောမှာ ကလေးကို ဆေးရုံကနေ ဆေးကုသမှုပေးနေပေမယ့် ကော်ရစ်တာမှာထားပြီး ပတ်တီးစည်းပေး၊ ပုလင်းကြီးဆေးချိတ်ပေးထားကာ မိုးရွာတဲ့အခါ လုံခြုံမှုမရှိတာကြောင့် လုံခြုံတဲ့နေရာမှာ ဆေးကုသခွင့်ပေးစေချင်တယ်လို့ သူကရှင်းပြပါတယ်။
 
အဲ့ဒီကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး လှူဒါန်းချင်ပါက 09-262333355 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW