ရေဒီယိုအသံတိုးမပေးတဲ့ ထိုင်းလူမျိုးကို မြန်မာလုပ်သားတစ်ဦးက ပစ်သတ်

ဘန်ကောက်၊ သြဂုတ်-၃၁-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာအမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံ ဖရွန်ဖီရမ်ခရိုင်မှာရှိတဲ့ ဂေါက်ကွင်းသုံးပစ္စည်းပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တစ်ဦးကို သြဂုတ် ၂၉ ရက် ညပိုင်းက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက သြဂုတ် ၃၁ ရက်မှာပြောပါတယ်။
 
အဲဒီဖြစ်စဉ်ဟာ ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ(၆)ထဲမှာရှိတဲ့ Silver Star ဂေါက်ကွင်းသုံး ပစ္စည်းပြင်ဆင်တဲ့ဆိုင်မှာ ည ၇ နာရီ ၄၀ မိနစ်လောက်မှာဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့တာ၀န်ရှိသူကပြောပါတယ်။
 
သေဆုံးသွားတဲ့ အသက် ၄၆ နှစ်အရွယ် ပေါင်သိဖလွိုင်ပါဆောင်ဆိုသူ ထိုင်းအမျိုးသားဟာ ရေဒီယိုကို ကျယ်လောင်စွာဖွင့်နေတာကြောင့် တိုးပေးဖို့အတွက် မြန်မာလူမျိုးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဌေးအောင်က ပြောရာကနေ စကားများခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေကပြောပါတ်။
 
စကားများပြီးနောက် ဌေးအောင်ဟာ အနီးနားရှိမြက်ရိတ်စက်အောက်မှာ ဝှက်ထားတဲ့ သေနတ်နဲ့ ထိုင်းအမျိုးသားကို ပစ်ခတ်ခဲ့ပြီး ဆေးရုံပို့စဉ်မှာ သေဆုံးခဲ့ပါတယ်။
 
ဌေးအောင်ကတော့ အခင်းဖြစ်ရာမှာ ဖမ်းဆီးခံရပြီး လက်ရှိမှာ လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
 
Ref : Bangkok Post
Photo: Bangkok Post
#voiceofmyanmar #vom #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW