မြောက်ကိုရီးယားရန်ကာကွယ်ဖို့ စွမ်းရည်မြင့်ဒုံးပျံတွေ တောင်ကိုရီးယားထုတ်လုပ်တော့မယ်

ဆိုးလ်၊ စက်တင်ဘာ-၃-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်ပြုမှုတွေကနေကာကွယ်ဖို့အတွက် စွမ်းဆောင်ရည်မြင့် ဒုံးပျံတွေထုတ်လုပ်သွားမယ်လို့ တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
တောင်ကီုးယားဟာ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခြင်းနဲ့ လာမယ့် ၅ နှစ်အတွက် စစ်အသုံးစရိတ်ကိုလည်း ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
လာမည့် ၅ နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၀မ် ၃၁၅ ဒသမ ၂ထရီလီယံ သတ်မှတ်ထားပြီး ဒါဟာ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်ထိ နှစ်စဉ် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။
 
ရန်ပုံငွေရဲ့ ၆၆ ရာခိုင်နှုန်းဟာ တပ်ဖွဲ့များစီမံခန့်ခွဲမှုအတွက် သုံးစွဲသွားမှာဖြစ်ပြီး ကျန်ရန်ပုံငွေတွေကိုတော့ ကာကွယ်ရေးစွမ်းရည်တိုးမြင့်ဖို့ အသုံးပြုသွားမယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
 
ကိုရီးယားကျွန်းဆွယ်မှာ ခြိမ်းခြောက်မှုတွေအတွက် အဟန့်အတားပြုနိုင်ဖို့နဲ့ လုံခြုံရေး၊ တည်ငြိမ်မှုရရှိရေးအတွက် ပိုမိုအားကောင်းပြီး တာဝေးထိရောက်ရှိနိုင်ကာ ပိုမိုတိကျစွာပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကို ထုတ်လုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒီထဲမှာတော့ ဒုံးပျံကာကွယ်ရေးစနစ်ကို အဆင့်မြှင့်ဖို့နဲ့ တာဝေးပစ်ဒုံးပျံတွေကို ကြားဖြတ်တိုက်ခိုက်နိုင်တဲ့ စနစ်သစ်တွေဖြန့်ကြက်ဖို့လည်း ပါ၀င်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
Ref : Straits Times
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW