ဖောင်းဆိုင်ဘက်က စစ်ဘေးဒုက္ခသည်တွေ အစားအသောက် ဝယ်ယူဖို့ ခက်ခဲနေ

စက်တင်ဘာ ၃-၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် မုံးကိုး ဖောင်းဆိုင်ဒေသ၊ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲ ရှောင်နေရသူတွေဟာ အစားအသောက်ဝယ်ယူဖို့ ခက်ခဲ နေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။   အရေးကြီးတဲ့ အသုံးအဆောင်တွေနဲ့ ဆန်၊ ဆီ၊ ဆား အစားအသောက် လိုအပ်ရင် တရုတ်ဘက်ခြမ်းက အသိ မိတ်ဆွေတွေဆီကို WeChat နဲ့ ငွေလွဲကာ မှာယူရတာဖြစ်ပြီး ပစ္စည်းတွေကိုလည်း နယ်ခြားစည်းရိုးပေါက်နေ ကျော်ပစ်ပေးရတာ‌ဖြစ်တဲ့အတွက် ပျက်စီးပေါက်ပြဲတာတွေရှိပေမယ့် အကူအညီတောင်း‌နေရစဲဖြစ်တယ်လို့ သိရပါတယ်။   ” လတ်တလောမှာ တရုတ်ဘက်က နယ်ခြားစည်းရိုးကို တစ်ဆင့်ထပ်မြှင့်ထားတာတော့ ပိုဆိုးသွားပြီ၊ ကြက်ဥတွေ၊ ဆီပုံးတွေကလည်း ကွဲတဲ့ဟာကွဲ၊ ဒါပေမယ့် အဲ့ဒီလိုပဲ ဖြစ်သလို အသိတွေကို အဲ့ဒီလို အကူညီတောင်းနေရတယ်။ တောင်ပေါ်မှာဆိုတော့ ဟင်းသီးဟင်းရွက် ရှာစားပြီး အဲ့ဒီလိုပဲ တလတာကျော်ဖြတ်ပြီး နေနေရတာ၊…

Read More

ကျောက်မဲက KBZ ဘဏ် ဓားပြတိုက်ခံရ

စက်တင်ဘာ ၃-၂၀၂၁ CKC(VOM)   ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က KBZ ဘဏ်ကို ဒီကနေ့ နေ့လယ်၂ နာရီလောက်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။   ” ၂ နာရီလောက်မှာ ဖြစ်တာလို့သိရတယ်။ တယောက်ထဲလို့ကြားတယ်။ ပိုက်ဆံဘယ်လောက်ပါသလဲဆိုတာတော့ ဘယ်သူမှသိရသေးဘူး။ ပြောနေကြတာတော့ တစ်ထောင်လို့ လိုင်းပေါ်လည်းတွေ့တယ်၊ အတိကျတာ့မသိပါဘူး ။ ဘဏ်ကပြန်ဖွင့်တာမကြာသေးဘူး “လို့ ဒေသခံတစ်ဦးကပြောပါတယ်။   ဓားပြတိုက်တဲ့သူဟာ Wish ကားအဖြူရောင် အသုံးပြုတဲ့သူဖြစ်တယ်လို့သိရပြီး ဘဏ်ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး ကျောက်မဲ Kbz ဘဏ်ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။   လက်ရှိမှာတော့ ဓားပြတိုက်ခံရတဲ့ဘဏ်ကို စစ်တပ်နဲ့ ရဲတွေရောက်နေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။   ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက်နေ့ကလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်မှာ ငွေသိန်း တစ်ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားထားပါသေးတယ်။   ဒါ့အပြင် ဩဂုတ်လ…

Read More

မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်ကလေးတွေ ကျောင်းဆက်တက်ခွင့် ပြည်နယ်အစိုးရခွင့်ပြု

ဒေလီ၊ စက်တင်ဘာ-၁-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်ကလေးငယ်တွေကို ပြည်နယ်ထဲက အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုဖို့ ခရိုင်ပညာရေးမှူးအားလုံးကို မီဇိုရမ်ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။   မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ၄၀၀ ကီလိုမီတာထိစပ်နေပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားရာပေါင်းများစွာ လာရောက်ခိုလှုံနေကြပါတယ်။   ၂၀၀၉မှာပြဋ္ဌာန်းထားတဲ့ ကလေးငယ်တွေကို အခမဲ့နဲ့မသင်မနေရပညာရေးအခွင့်အရေး ဥပဒေ အခန်း ၂(၄) အရ ဆင်းရဲချို့တဲ့ပြီး ဘေးဒုက္ခရောက်နေတဲ့အသိုင်းအဝိုင်းက အသက် ခြောက်နှစ်ကနေ ၁၄ နှစ်အရွယ်ကလေးငယ်တွေဟာ မူလတန်းပညာရေးပြီးမြောက်ဖို့အတွက် သူတို့ရဲ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ အတန်းတစ်ခုမှာ တက်ရောက်ခွင့်ရှိတယ်လို့ ပြည်နယ်ပညာရေးမှူး James Lalrinchhanda က ခရိုင်ပညာရေးမှူးတွေအားလုံးကို သြဂုတ် ၃၁ ရက်မှာ စာနဲ့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။   ဥပဒေပြဌာန်းချက်အရ ဒုက္ခသည်ကလေးငယ်တွေကျောင်းဆက်တက်နိုင်ဖို့အတွက် လိုအပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ မိမိတောင်းဆိုကြောင်း အဲ့ဒီညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။…

Read More

၀န်ကြီးချုပ်ပရာယွတ် နှုတ်ထွက်တဲ့ထိ နေ့တိုင်းဆန္ဒပြနေမယ်လို့ ထိုင်းဆန္ဒပြသူတွေပြော

ဗန်ကောက်၊ စက်တင်ဘာ-၃-၂၀၂၁ မျိုးဆက် (VOM)   ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအပေါ် ထိုင်းအစိုးရရဲ့တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး အမျက်ဒေါသထွက်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂ ရက်မှာလည်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။   ထောင်ပေါင်းများစွာသောဆန္ဒပြသူတွေဟာ ကပ်ရောဂါကြောင့် လူစုလူဝေးတားမြစ်ချက်ကို ဆန့်ကျင်ပြီး မြို့တော်ဗန်ကောက်မှာ စုဝေးဆန္ဒပြခဲ့ကြပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးကနေနှုတ်ထွက်တဲ့အထိ နေ့တိုင်းလမ်းပေါ်ထွက်ဆန္ဒပြမယ်လို့ ဆန္ဒပြသူတွေကဆိုပါတယ်။   ထိုင်း၀န်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ကိစ္စအပေါ် လွှတ်တော်အမတ်တွေအကြား အခြေအတင် ဆွေးနွေးငြင်းခုန်မှုတွေရှိနေချိန်မှာဘဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဘန်ကောက်မှာ တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။   ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဘုရင်စနစ်ပြုပြင်ပြောင်းလဲအရေးအပါအ၀င် နိုင်ငံရေး အပြောင်းအလဲတွေအတွက် တောင်းဆိုတာတွေကနေစတင်ခဲ့တာဖြစ်ပါတယ်။   ဒါပေမယ့် ကပ်ရောဂါဖြစ်ပွားမှုနဲ့ ဆန္ဒပြခေါင်းဆောင်တွေအပေါ် စွဲချက်တင်ဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပွဲတွေအရှိန်လျော့ကျခဲ့ပေယ့် ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး ဆန္ဒပြပွဲတွေ တကျော့ပြန်အရှိန်မြင့်ခဲ့ပါတယ်။   ထိုင်းလွှတ်တော်မှာလည်း ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုနဲ့ ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးကြမှာဖြစ်ကာ…

Read More

မကွေးတိုင်းက မြို့နယ်၂၅ ခုမှာ ၃ လအတွင်း လူသတ်မှု ၅ ဒါဇင်နီးပါးရှိပြီး သေဆုံးသူ ရာဂဏန်းနီးပါးရှိ

စက်တင်ဘာ ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   မကွေးတိုင်းမှာရှိတဲ့ မြို့နယ် ၂၅ ခုမှာ ပြီးခဲ့တဲ့ ဇွန်လကနေ သြဂုတ်အထိ လူသတ်မှုဖြစ်စဥ်ပေါင်း ၅ ဒါဇင်နီးပါးရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၀ ထက်မနည်းရှိတယ်လို့ လေ့လာစမ်းစစ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မကွေးတိုင်းမှာ ၊ မကွေး ၊ မင်းဘူး ၊ သရက် ၊ ပခုက္ကူ ၊ ဂန့်ဂေါ ဆိုပြီး ခရိုင် ၅ ခုရှိတယ် ၊ လူသတ်မှုဖြစ်စဥ်အများဆုံး ပေါ်ပေါက်တဲ့ ခရိုင်တွေက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဖြစ်တယ် ” လို့ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး လေ့လာစမ်းစစ်နေတဲ့ ပခုက္ကူဒေသခံ တစ်ယောက် ပြောပါတယ်။   ပြီးခဲ့တဲ့ ဇွန်လကနေ သြဂုတ်အထိ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ ၊…

Read More

တာလီဘန်အဖွဲ့နဲ့ တော်လှန်ရေးသမားတွေအကြား ပန်ဂ်ျရှီယာတောင်ကြားမှာ တိုက်ပွဲပြင်းထန်နေ

ကဘူး၊ စက်တင်ဘာ-၃-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂ်ျရှီယာတောင်ကြားဒေသမှာ တာလီဘန်အဖွဲ့နဲ့ သူတို့ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲများပြင်းထန်နေပါတယ်။   အဲ့ဒီဒေသမှနယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခုခံနေတဲ့ အမျိုးသားတော်လှန်ရေးတပ်ဦးဟာ အကြီးအကျယ်ရှုံးနိမ့်နေတယ်လို့ တာလီဘန်အဖွဲ့က စက်တင်ဘာ ၂ ရက်မှ ထုတ်ပြန်ပါတယ်။   ဒါပေမယ့်လည်း တော်လှန်ရေးတပ်ဦးကတော့ တောင်ကြားရဲ့ ၀င်ပေါက်အားလုံးကို ထိန်းချုပ်ထားနိုင်ပြီး တာလီဘန်တိုက်ခိုက်ရေးသမား ရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။   ပန်ဂျ်ရှီယာပြည်နယ်ဟာ အိုင်အက်စ်သို့မဟုတ် တာလီဘန်တို့လက်အောက်ကို မကျရောက်ခဲ့တဲ့ အာဖဂန်ရဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပြီး ထောင်ပေါင်းများစွာသော အတိုက်အခံတိုက်ခိုက်ရေးသမားတွဟာ အဲ့ဒီပြည်နယ်မှာ စုရုံးနေဖွယ်ရှိပါတယ်။   အာဖဂန်ဒုသမ္မတဟောင်း ဆာလက်၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့၀င်ဟောင်းတွေနဲ့ ဒေသခံပြည်သူ့စစ်တွေပါ၀င်တဲ့ အဲ့ဒီအင်အားစုကို ဒေသခံမျိုးနွယ်စုခေါင်းဆောင် အာမက်မာဆွတ်က ဦးဆောင်မှုပြုနေတယ်လို့သိရပါတယ်။   Ref : BBC Photo: Recents World #voiceofmyanmar…

Read More

မြောက်ကိုရီးယားရန်ကာကွယ်ဖို့ စွမ်းရည်မြင့်ဒုံးပျံတွေ တောင်ကိုရီးယားထုတ်လုပ်တော့မယ်

ဆိုးလ်၊ စက်တင်ဘာ-၃-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်ပြုမှုတွေကနေကာကွယ်ဖို့အတွက် စွမ်းဆောင်ရည်မြင့် ဒုံးပျံတွေထုတ်လုပ်သွားမယ်လို့ တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   တောင်ကီုးယားဟာ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခြင်းနဲ့ လာမယ့် ၅ နှစ်အတွက် စစ်အသုံးစရိတ်ကိုလည်း ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   လာမည့် ၅ နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၀မ် ၃၁၅ ဒသမ ၂ထရီလီယံ သတ်မှတ်ထားပြီး ဒါဟာ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်ထိ နှစ်စဉ် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။   ရန်ပုံငွေရဲ့ ၆၆ ရာခိုင်နှုန်းဟာ တပ်ဖွဲ့များစီမံခန့်ခွဲမှုအတွက် သုံးစွဲသွားမှာဖြစ်ပြီး ကျန်ရန်ပုံငွေတွေကိုတော့ ကာကွယ်ရေးစွမ်းရည်တိုးမြင့်ဖို့ အသုံးပြုသွားမယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။   ကိုရီးယားကျွန်းဆွယ်မှာ ခြိမ်းခြောက်မှုတွေအတွက် အဟန့်အတားပြုနိုင်ဖို့နဲ့…

Read More

မင်္ဂလာတောင်ညွန့်က တပ်မတော်ပိုင် ငါးပိနဲ့ငံပြာရည်စက်ရုံရှေ့ဗုံးပေါက် လူတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၃၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်ရပ် ကွက်၊သံသုမာလမ်းနဲ့ ပုဇွန်တောင်လမ်းမကြီးပေါ်၊ကြက်ဘဲစျေးနဲ့မျက်နှာချင်းဆိုင်က တပ်မတော် ငါးပိနဲ့ ငံပြာရည်စက်ရုံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့လို့ လူတစ်ဦးဒဏ်ရာရရှိပြီး လူတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။   သံသုမာလမ်းနေထိုင်သူ တစ်ဦးက”စက်ရုံနဲ့မျက်နှာချင်းဆိုင်မှာပေါက်တာ၊ ကြက်ဘဲစျေးက တာလီစာရေးဒဏ်ရာရတယ်၊ စစ်သားတွေလာတော့ တစ်လုံးထပ်ပေါက်တယ်၊ ဒုတိယဗုံးပေါက်ပြီး လမ်းသွားလမ်းလာယာဥ်တွေကိုစစ်ဆေးချိန် မောင်းပြေးတဲ့ယာဉ်ကို ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးသွားတယ် “လို့ VOMကို ပြောပါတယ်။   မောင်းပြေတဲ့ကားကို ပစ်ခတ်ဖမ်းဆီးချိန် ယာဉ်မောင်းအမျိုးသားရဲ့ခြေထောက်ကို ကျည်ဆန်မှန် ဒဏ်ရာရပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။   သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးသွားတာနဲ့ပတ်သက်လို့ VOMက မင်္ဂလာတောင်ညွန်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။   ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရန်ကုန်မှာရှိတဲ့ တပ်မတော်ပိုင်စက်ရုံဖြစ်တဲ့ လှိုင်မြို့နယ်က တပ်မတော်ဒန်အိုးစက်ရုံ၊ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံ(သမိုင်း)တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံ(လှိုင်သာယာ)တို့မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

KBZ Pay နဲ့ Wave Pay ငွေလွှဲကိစ္စကြောင့် ဒီပဲယင်းနယ်မှာ လူ ၃ ဦး အဖမ်းခံထားရ

စက်တင်ဘာ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ KBZ Pay နဲ့ Wave Pay ကနေ ငွေလွှဲ၊ငွေထုတ် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ အဖမ်းခံထားရတဲ့ လူ ၃ ယောက်နဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ခံ တစ်ယောက်က ” စိုင်ပြင်က လူ ၂ ဦးနဲ့ ဒီပဲယင်း သပြေစျေးသစ်က လူ ၁ ဦး အားလုံး ၃ ဦးကို K ပေးနဲ့ Wave ပေး ငွေလွှဲ ငွေထုတ် လုပ်တဲ့ကိစ္စတွေကြောင့် အဖမ်းခံထားရတာ အတည်ပြုလို့ရတယ် ၊ နာမည်တွေက…

Read More
VOM News

FREE
VIEW