မင်္ဂလာတောင်ညွန့်က တပ်မတော်ပိုင် ငါးပိနဲ့ငံပြာရည်စက်ရုံရှေ့ဗုံးပေါက် လူတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၃၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်ရပ်
ကွက်၊သံသုမာလမ်းနဲ့ ပုဇွန်တောင်လမ်းမကြီးပေါ်၊ကြက်ဘဲစျေးနဲ့မျက်နှာချင်းဆိုင်က တပ်မတော် ငါးပိနဲ့ ငံပြာရည်စက်ရုံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့လို့ လူတစ်ဦးဒဏ်ရာရရှိပြီး လူတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
 
သံသုမာလမ်းနေထိုင်သူ တစ်ဦးက”စက်ရုံနဲ့မျက်နှာချင်းဆိုင်မှာပေါက်တာ၊ ကြက်ဘဲစျေးက တာလီစာရေးဒဏ်ရာရတယ်၊ စစ်သားတွေလာတော့ တစ်လုံးထပ်ပေါက်တယ်၊ ဒုတိယဗုံးပေါက်ပြီး လမ်းသွားလမ်းလာယာဥ်တွေကိုစစ်ဆေးချိန် မောင်းပြေးတဲ့ယာဉ်ကို ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးသွားတယ် “လို့ VOMကို ပြောပါတယ်။
 
မောင်းပြေတဲ့ကားကို ပစ်ခတ်ဖမ်းဆီးချိန် ယာဉ်မောင်းအမျိုးသားရဲ့ခြေထောက်ကို ကျည်ဆန်မှန် ဒဏ်ရာရပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးသွားတာနဲ့ပတ်သက်လို့ VOMက မင်္ဂလာတောင်ညွန်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
 
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရန်ကုန်မှာရှိတဲ့ တပ်မတော်ပိုင်စက်ရုံဖြစ်တဲ့ လှိုင်မြို့နယ်က တပ်မတော်ဒန်အိုးစက်ရုံ၊ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံ(သမိုင်း)တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံ(လှိုင်သာယာ)တို့မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW