၀န်ကြီးချုပ်ပရာယွတ် နှုတ်ထွက်တဲ့ထိ နေ့တိုင်းဆန္ဒပြနေမယ်လို့ ထိုင်းဆန္ဒပြသူတွေပြော

ဗန်ကောက်၊ စက်တင်ဘာ-၃-၂၀၂၁
မျိုးဆက် (VOM)
 
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအပေါ် ထိုင်းအစိုးရရဲ့တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး အမျက်ဒေါသထွက်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂ ရက်မှာလည်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။
 
ထောင်ပေါင်းများစွာသောဆန္ဒပြသူတွေဟာ ကပ်ရောဂါကြောင့် လူစုလူဝေးတားမြစ်ချက်ကို ဆန့်ကျင်ပြီး မြို့တော်ဗန်ကောက်မှာ စုဝေးဆန္ဒပြခဲ့ကြပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးကနေနှုတ်ထွက်တဲ့အထိ နေ့တိုင်းလမ်းပေါ်ထွက်ဆန္ဒပြမယ်လို့ ဆန္ဒပြသူတွေကဆိုပါတယ်။
 
ထိုင်း၀န်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ကိစ္စအပေါ် လွှတ်တော်အမတ်တွေအကြား အခြေအတင် ဆွေးနွေးငြင်းခုန်မှုတွေရှိနေချိန်မှာဘဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဘန်ကောက်မှာ တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဘုရင်စနစ်ပြုပြင်ပြောင်းလဲအရေးအပါအ၀င် နိုင်ငံရေး အပြောင်းအလဲတွေအတွက် တောင်းဆိုတာတွေကနေစတင်ခဲ့တာဖြစ်ပါတယ်။
 
ဒါပေမယ့် ကပ်ရောဂါဖြစ်ပွားမှုနဲ့ ဆန္ဒပြခေါင်းဆောင်တွေအပေါ် စွဲချက်တင်ဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပွဲတွေအရှိန်လျော့ကျခဲ့ပေယ့် ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး ဆန္ဒပြပွဲတွေ တကျော့ပြန်အရှိန်မြင့်ခဲ့ပါတယ်။
 
ထိုင်းလွှတ်တော်မှာလည်း ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုနဲ့ ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးကြမှာဖြစ်ကာ ကပ်ရောဂါအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ စီးပွားရေးကျဆင်းမှုတို့ကို အတိုက်အခံတွေက ထောက်ပြဝေဖန်နေကြပါတယ်။
 
Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #ဗန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW