ကျောက်မဲက KBZ ဘဏ် ဓားပြတိုက်ခံရ

စက်တင်ဘာ ၃-၂၀၂၁
CKC(VOM)
 
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က KBZ ဘဏ်ကို ဒီကနေ့ နေ့လယ်၂ နာရီလောက်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” ၂ နာရီလောက်မှာ ဖြစ်တာလို့သိရတယ်။ တယောက်ထဲလို့ကြားတယ်။ ပိုက်ဆံဘယ်လောက်ပါသလဲဆိုတာတော့ ဘယ်သူမှသိရသေးဘူး။ ပြောနေကြတာတော့ တစ်ထောင်လို့ လိုင်းပေါ်လည်းတွေ့တယ်၊ အတိကျတာ့မသိပါဘူး ။ ဘဏ်ကပြန်ဖွင့်တာမကြာသေးဘူး “လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
ဓားပြတိုက်တဲ့သူဟာ Wish ကားအဖြူရောင် အသုံးပြုတဲ့သူဖြစ်တယ်လို့သိရပြီး ဘဏ်ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး ကျောက်မဲ Kbz ဘဏ်ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။
 
လက်ရှိမှာတော့ ဓားပြတိုက်ခံရတဲ့ဘဏ်ကို စစ်တပ်နဲ့ ရဲတွေရောက်နေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက်နေ့ကလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်မှာ ငွေသိန်း တစ်ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားထားပါသေးတယ်။
 
ဒါ့အပြင် ဩဂုတ်လ ၂၅ရက်နေ့ကလည်း တီးတိန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ ဓားပြတိုက်မှုဖြစ်ခဲ့ပြီး ဘဏ်အစောင့်ကျနေတဲ့ ရဲ(၃)ဦး သေဆုံးခဲ့သလို ငွေအချို့ပါသွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားထားပါသေးတယ်။
 
#voiceofmyanmar #VOM #ကျောက်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW