တာလီဘန်အဖွဲ့နဲ့ တော်လှန်ရေးသမားတွေအကြား ပန်ဂ်ျရှီယာတောင်ကြားမှာ တိုက်ပွဲပြင်းထန်နေ

ကဘူး၊ စက်တင်ဘာ-၃-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂ်ျရှီယာတောင်ကြားဒေသမှာ တာလီဘန်အဖွဲ့နဲ့ သူတို့ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲများပြင်းထန်နေပါတယ်။
 
အဲ့ဒီဒေသမှနယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခုခံနေတဲ့ အမျိုးသားတော်လှန်ရေးတပ်ဦးဟာ အကြီးအကျယ်ရှုံးနိမ့်နေတယ်လို့ တာလီဘန်အဖွဲ့က စက်တင်ဘာ ၂ ရက်မှ ထုတ်ပြန်ပါတယ်။
 
ဒါပေမယ့်လည်း တော်လှန်ရေးတပ်ဦးကတော့ တောင်ကြားရဲ့ ၀င်ပေါက်အားလုံးကို ထိန်းချုပ်ထားနိုင်ပြီး တာလီဘန်တိုက်ခိုက်ရေးသမား ရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ပန်ဂျ်ရှီယာပြည်နယ်ဟာ အိုင်အက်စ်သို့မဟုတ် တာလီဘန်တို့လက်အောက်ကို မကျရောက်ခဲ့တဲ့ အာဖဂန်ရဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပြီး ထောင်ပေါင်းများစွာသော အတိုက်အခံတိုက်ခိုက်ရေးသမားတွဟာ အဲ့ဒီပြည်နယ်မှာ စုရုံးနေဖွယ်ရှိပါတယ်။
 
အာဖဂန်ဒုသမ္မတဟောင်း ဆာလက်၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့၀င်ဟောင်းတွေနဲ့ ဒေသခံပြည်သူ့စစ်တွေပါ၀င်တဲ့ အဲ့ဒီအင်အားစုကို ဒေသခံမျိုးနွယ်စုခေါင်းဆောင် အာမက်မာဆွတ်က ဦးဆောင်မှုပြုနေတယ်လို့သိရပါတယ်။
 
Ref : BBC
Photo: Recents World
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW