မင်းတုန်းမှာ လူငယ်၈ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၄-၂၀၂၁
Voice Of Myanmar
 
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့မှာ PDFနဲ့ဆက်သွယ်တယ်ဆိုပြီး လူငယ်၈ဦးကို မနေ့ စက်တင်ဘာ ၃ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” ကလေးတွေက လူစုပြီး ချောင်းဖျားဘက်ကို ပျော်ပွဲစားထွက်လေ့ရှိတယ်၊ အခုရာသီက ရေတံခွန်တွေပေါတယ်လေ၊ သူတို့သွားရင် ဆိုင်ကနေ စားစရာတွေပါဆယ်ဘူးနဲ့ယူသွားတတ်တယ်၊ ဒလန်ကတိုင်တာ ဒလန်ကဘုန်းကြီးလို့သိရတယ်”လို့ လူလတ်ပိုင်းအရွယ် အတွင်းသိသူတစ်ဦးကပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ အမှတ်၄ရပ်ကွက်အတွင်း နေထိုင်တဲ့ လူငယ်တွေဖြစ်ပြီး အသက်မပြည့်သေးတဲ့လူငယ်အများစုပါဝင်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေက ဖမ်းဆီးခံရတာကိုအတည်ပြုပေမယ့် အမည်ကို မဖော်ပြစေချင်ဘူးလို့ပြောပါတယ်။
 
မင်းတုန်းနဲ့ရခိုင်ရိုးမကြားမှာ PDF တွေ CDMတွေရှိတယ်လို့ ထင်ကြေးပေးပြောဆိုနေမှုတွေကြောင့် အခုလိုဖမ်းဆီးကြတာဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
 
လူငယ်(၈)ဦးကို ဖမ်းဆီးမှုပြုလုပ်တဲ့ နေ့လယ်ပိုင်းကလည်း မင်းတုန်းမြို့နယ်၊ လက်ပံဝရွာက လူငယ်(၁)ဦးကိုလည်း သရက်PDFနဲ့ဆက်သွယ်တယ်ဆိုပြီး ရဲကဖမ်းဆီးသွားတဲ့ဖြစ်စဥ်ရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးအခြေအနေကိုတော့ ဒေသခံတွေကအစ မသိကြရသေးဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မင်းတုန်း

Related posts

Leave a Comment

VOM News

FREE
VIEW