ချောင်းဦးနယ် အမြင့်ရွာမှာ လူ ၁၁ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာ ၊ နန်းဦး အ.မ.ကကျောင်းအနီးမှာ မနေ့ စက်တင်ဘာ ၅ရက်က သေနတ် ၅၇ လက်နဲ့ လူ ၁၁ ယောက်ကို စစ်သားနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ အမြင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အမြင့်ရွာမှာနေတဲ့ ဒေသခံတစ်ယောက်က ” မနေ့က ညနေပိုင်း ၃ နာရီလောက်ကစပြီး ရွာထဲကို ရဲနဲ့ စစ်သားတွေရောက်လာတယ် ၊ သူတို့စိတ်ထဲမှာ မသင်္ကာဘူးလို့ ထင်ရတဲ့ နေရာတွေကို ဝင်ရှာတာတွေ လုပ်တယ် ၊ အဲ့ဒီလို ရွာထဲကို လုပ်နေတာ အချိန် ၂ နာရီလောက်ကြာမှ နန်းဦး အမက စာသင်ကျောင်း အနောက်ဘက်မှာ ဆာလာအိတ်တွေနဲ့ ထည့်ပြီး ဝှက်ထားတဲ့ သေနတ်တွေ ရှာတွေ့ပြီး ရွာက လူ ၁ဝ ယောက်ကျော်ကို ဖမ်းသွားတာဖြစ်တယ် ၊ လူနာမည် ၊ ဓာတ်ပုံ ၊ အိိမ်နေရာ အတိအကျ ကွက်တိလာဖမ်းနိုင်တာဆိုတော့ သတင်းပေးတိုင်ခံရတာဆိုတာ သေခြာတယ် ” လို့ ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ကိုရွှေဝင်း၊ ကိုဝင်းခင် ခေါ် ထွန်းထွန်းလင်း ၊ ကိုစိုးမောင် ၊ ကျော်သက်ဦး ခေါ် ဒဿ ၊ အောင်ကိုဝင်း ၊ မောင်ခိုင် ၊ ဆန်းကျော်ဦး ၊ ဝင်းထက်ဇော် ၊ ငြိမ်းချမ်းအောင် ခေါ် ငြိမ်းချမ်း ဆိုတဲ့ရွာက ၁၀ ယောက်နဲ့ မင်းကင်းနယ်ကနေ ရွာကိုရောက်နေတဲ့ ကျော်သူ အပါအဝင် အားလုံး ၁၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မုံရွာခရိုင် ကောင်စီ အဖွဲ့ တာဝန်ရှိသူတစ်ယောက် ပြောတာက ” ချောင်းဦးမြို့နယ် အမြင့်ရွာ အမက ကျောင်းနားက လက်နက်ရော လူတွေပါ ဖမ်းမိတာ အတည်ပြုလို့ရတယ် ၊ တူမီးသေနတ် အရှည် အလက် ၅၀ ၊ အတို ၇ လက် ၊ သေနတ်ပြောင်းတိုက်တဲ့ အတံ ၂၅ ချောင်းအပါအဝင် အခြား ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတာပါ ” လို့ ဖြစ်ပါတယ်။
 
ချောင်းဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လက ချောင်းဦး ၊ မယ်သဲတောမှာ သေနတ် အလက် ၁ ရာကျော်နဲ့ လူ ၁ ယောက်လည်း ဖမ်းဆီးခံရပါသေးတယ် ။
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လကလည်း ချောင်းဦးမြို့နယ် တောကျောင်းရွာဘက်မှာ လူ ၄ ယောက်နဲ့ သေနတ်တွေ ဖမ်းခံရတာ ဖြစ်ပွားခဲ့ပြီးနောက် အခု ဖမ်းမိတာဟာ ဒုတိယအကြိမ် အဖမ်းခံရတာဖြစ်ပါတယ်။
 
အဲ့ဒီ အဖမ်းခံရတာဟာ အမြင့်ရွာခံတွေက သတင်းပေးတိုင်တန်းခံရတဲ့အတွက် ရဲနဲ့ စစ်သားတွေက အတိအကျ လာရောက်ဖမ်းနိုင်တာဖြစ်ကြောင်း ပြောဆိုနေကြတာတွေလည်းရှိတယ်လို့ သိရပါတယ် ။
 
ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးပတ်မှာ သတင်းပေးရင် ဆုကြေးငွေ ၅ သိန်း ထုတ်ပေးမယ်လို့ အမိန့် ကြေညာချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ နိုင်ငံရေးသမားတွေ အပါအဝင် လူ လက်နက် စတာတွေ အဖမ်းခံရတဲ့ ဖြစ်စဥ် အရေအတွက် များပြားလာတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာ အကဲခတ်သူတွေက ဝေဖန်မှတ်ချက်ပြု ပြောပြပါတယ်။
 
#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW