အာဖဂန်အမျိုးသမီးတွေကို အမျိုးသားတွေနဲ့အတူ ပညာသင်ခွင့် တာလီဘန်အဖွဲ့ ကန့်သတ်

ကဘူး၊ စက်တင်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
အာဖဂန်နစ္စတန်ရှိ တက္ကသိုလ်တွေမှာ ကျား၊ မ ခွဲခြားထားတဲ့ စနစ်နဲ့ သင်ကြားသွားမှာဖြစ်ပြီး ၀တ်စားဆင်ယင်မှုပုံစံသစ် ပြောင်းလဲသွားမယ်လို့ တာလီဘန်အဖွဲ့က စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
 
အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ပေမယ့်လည်း အမျိုးသားတွေနဲ့အတူ သင်ယူခွင့်မရှိဘူးလို့ အဆင့်ပညာ၀န်ကြီး အဗ္ဗဒူဘာကီဟတ်ကာနီက ပြောပါတယ်။
 
ဒါ့အပြင် ကျောင်းသားကျောင်းသူတွေသင်ကြားမယ့် ဘာသာရပ်တွေနဲ့ပတ်သက်တော့လည်း သုံးသပ်မှုပြုပြီးမှ သင်ကြားပေးမှာဖြစ်တယ်လို့ သူကပြောပါတယ်။
 
တက္ကသိုလ်တွေမှာ အမျိုးသမီးကို အမျိုးသားဆရာတွေက သင်ကြားမှုပြုရမှာလည်း ကန့်လန့်ကာနောက်ကွယ်မှ သို့မဟုတ် နည်းပညာအသုံးပြု သင်ကြားသွားမယ်လို့ သူကဆိုပါတယ်။
 
၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း တာလီဘန်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အမျိုးသမီးနဲ့ မိန်းမငယ်တွေဟာ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူခွင့်မရှိခဲ့ပါဘူး။
 
ဒါပေမယ့် သြဂုတ် ၁၅ ရက်မှာ အာဖဂန်ကို တာလီဘန်တို့က ထိန်းချုပ်ပြီးနောက် အာဖဂန်အမျိုးသမီးတွရဲ့ ပညာသင်ခွင့်နှင့်အလုပ်လုပ်ကိုင်ခွင့်ကို တားဆီးပိတ်ပင်မှာ မဟုတ်ဘူးလို့ တာလီဘန်အဖွဲ့က ပြောဆိုထားပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW