ရခိုင်မှာ အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရသူ နောက်ထပ်(၁၆)ဦး ပြန်လွတ်လာ

စက်တင်ဘာ ၁၅- ၂၀၂၁
ထက်အောင်စိုင်း(VOM)
 
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်တရားရုံးမှာ မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က အေအေနဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူ (၁၆) ဦးကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
မင်းပြားမြို့ နယ်ဖုန်သာချောင်းက ဦးထွန်းမြင့်သိန်းပြောတာက “ အခုလွှတ်တဲ့အမှုတွေမှာ ကျောက်တော်နဲ့ မင်းပြားကပါပါတယ်။ မြောက်ဦးမြို့နယ်က မပါပါဘူး။ ပြန်လွှတ်တာကတော့ အားလုံး (၁၆) ယောက်ပါ။ မနေ့က လွှတ်တာမှာ ကျောက်တော်ဖက်က များပါတယ်။ ကျနော်တို့ မင်းပြားမြို့နယ်ဖက်က တစ်ယောက်ပဲ ပါပါတယ်။” လို့ ပြောပါတယ်။
 
မနေ့က ပြန်လွတ်တဲ့လူတွေဟာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၊ မီးဝ၊ ရုပ်သား၊ မာလာနဲ့ တောပန်ဇင်းကျေးရွာတို့က အကြမ်းဖက်ဖက်ပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူတွေဖြစ်ပြီး အမှုပေါင်း (၈) မှုမှာ (၁၆) ယောက်လွှတ်လာတာဖြစ်တယ်လို့ သိရပါတယ်။
 
“ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲခံရတာက ကျနော့်ရဲ့ ညီဖြစ်သူပါ။ သူတို့အမှုမှာက (၇) ယောက်ပါပါတယ်။ မင်းပြားမြို့နယ်၊ ဖုန်သာချောင်းကပါ။ မနေ့က ရုပ်သိမ်းတာမှာလည်းမပါဘူးလို့ပြောတယ်။ ဒီလို အမှုတွေနှစ်နဲ့ချီပြီး ကြန့်ကြာနေတဲ့အပေါ် လူ့အခွင့်အရေး အများကြီးချိုးဖောက်တယ်လို့ ခံစားရပါတယ်။ အစိုးရကို တောင်းဆိုချင်တာက လွှတ်လာတဲ့လူတွေအတွက်လည်းဝမ်းသာပေမယ့် မလွှတ်သေးတဲ့လူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။” လို့ ဦးထွန်းမြင့်သိန်းက ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲခံထားရသူ (၂၀၁) ဦးရှိကြောင်းနဲ့ အဲ့ဒီအထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လကနေ မနေ့ စက်တင်ဘာ ၁၄ရက်နေ့အထိ ပြန်လွတ်လာသူ (၃၆)ယောက်ရှိပြီဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်။
 
အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရသူတွေကို န.စ.ကကောင်စီတက်လာပြီးနောက်ပိုင်း ပြန်လည်လွှတ်ပေးနေတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW