တောင်ကိုရီးယားရဲ့မူဝါဒပြောင်းရင် ဆွေးနွေးမယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ စက်တင်ဘာ-၂၅-၂၀၂၁
မျိုးဆက် (VOM)
 
တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရန်လိုတဲ့မူဝါဒတွေကို အဆုံးသတ်မယ်ဆိုရင် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ကိုရီးယားစစ်ပွဲတရား၀င်အဆုံးသတ်ရေးအတွက် တောင်ကိုရီးယားရဲ့ ထပ်မံတိုက်တွန်းတောင်းဆိုမှု နဲ့ပတ်သက်၍ မြောက်ကိုရီးယားဘက်က အခုလိုတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ကိုရီးယားကျွန်းဆွယ်ကို နှစ်ခြမ်းကွဲသွားစေခဲ့တဲ့ စစ်ပွဲဟာ ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေး စာချုပ်မဟုတ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့သာ ပဋိပက္ခတွေအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီနောက်မှာတော့ နှစ်နိုင်ငံအကြား သဘောတရာရေးရာအရ စစ်ပွဲမှာရှိနေဆဲဖြစ်ပြီး တခါတရံ ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်ခဲ့့ပါတယ်။
 
စစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့ စိတ်ကူးဟာ လေးစားဖွယ်ကောင်းကြောင်း ဒါပေမယ့် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒတွေရပ်တန့်မယ်ဆိုပါက ဒီအဆိုပြုချက်ကို ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ကင်ယိုဂျုံက နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ထုတ်ဖော်ပြောဆိုပါတယ်။
Ref : BBC
Photo: Getty Images
 
#voiceofmyanmar #VOM #တောင်ကိုရီးယား #မြောက်ကိုရီးယား #ကင်ယိုဂျုံ

Related posts

Leave a Comment

VOM News

FREE
VIEW